ခရမ်းမြို့နယ်၊ ပိန်းကန်ကျေးရွာ၌ ဘက်ထရီလျှော့တိုက်(ကျင်စက်)ဖြင့် ငါးဖမ်းသူ ဓါတ်လိုက် သေဆုံး
PUBLISHED - October 2, 2019
ခရမ်းမြို့နယ်၊ ပိန်းကန်ကျေးရွာ၌ ဘက်ထရီလျှော့တိုက် (ကျင်စက်)ဖြင့် ငါးဖမ်းသူ ဓါတ်လိုက် သေဆုံးခဲ့သည်။
“ဖြစ်စဉ်က မှန်ပါတယ်။ ၂၉ ရက်နေ့က ဖြစ်သွားတာပါ။ ဆက်လက်ပြီး ဥပဒေအရ ဆောင်ရွက် နေပါတယ်”ဟု ခရမ်းမြို့နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြု ပြောဆိုသည်။
အဆိုပါကျင်စက်ဖြင့် ငါးဖမ်းခြင်းကြောင့် နှစ်စဉ်လူသေဆုံးမှုဖြစ်ပေါ်လျက်ရှိသည်။ ထို့အတူ ကျင်စက်ဖြင့် ငါးဖမ်းခြင်းကို ခွင့်မပြုကြောင်း အုပ်ချုပ်ရေး အဖွဲ့များမှလည်း အဆင့်ဆင့်ထုတ် ပြန်ထားသည်။
“ကျင်စက်နဲ့ ငါးမဖမ်းရဘူးဆိုတာ စာရွက်ပေါ်မှာပါ။ နေရာတိုင်းမှာရှိပါတယ်။ ဘယ်သူမှ အရေးမယူပါဘူး”ဟု ပိန်းကန်ကျေးရွာနေ ပြည်သူတစ်ဦးကဆိုသည်။
Photo – Credit