• Follow Us on
Latest News

Home ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ညီဖြစ်သူတို့ ခြံဝန်းအတွင်း စကားပြောနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ နှစ်ဦးလုံးသေဆုံး

ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ ညီဖြစ်သူတို့ ခြံဝန်းအတွင်း စကားပြောနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ နှစ်ဦးလုံးသေဆုံး

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၇ (People Media)

 

ယနေ့ ၁၁း၄၅ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမိုးကျော်နှင့် ၎င်း၏ ညီဖြစ်သူတို့သည့် နေအိမ်ခြံဝန်းအတွင်း၌ စကားပြောနေစဉ် သေနတ်ဖြင့် လုပ်ကြံခံရ၍ နှစ်ဦးလုံး သေဆုံးသွားခဲ့သည်။

 

အဆိုပါဖြစ်စဉ်အပေါ် People Media မှ ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာ “သူတို့ ညီကို နှစ်ယောက်က နေအိမ်ခြံဝန်းအတွင်းမှာ စကားပြောနေတာ။ အဲ့ဒီအချိန်မှ သေနတ်သမားအဖွဲ့က ဆိုင်ကယ်တွေနဲ့ ရောက်လာ ပြီး လုပ်ကြံသွားတာ။ သေနတ် ၁၁ ချက် ပစ်ပြီးလုပ်ကြံသွားတယ်လို့ သိရတယ်” လို့ ပြောဆိုသည်။

 

ခရမ်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး နယ်ခြားမြို့တစ်မြို့ဖြစ်သလို ပင်လယ်ထွက် ပေါက်ရှိသည့် မြို့နယ်တစ်ခုဖြစ်သည်။

 

အလားတူ ခရမ်းမြို့နယ်၌ အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်မတော်အရာရှိတစ်ဦးတို့သည် သေနတ်ဖြင့် လုပ်ကြံခံရပြီး သေဆုံးသွားခဲ့သည်။

 

#PeopleMedia #ခရမ်းမြို့ #USDP

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post