ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာ အုပ်ကြီး ဦးသန်းဌေး သတ်ဖြတ်ခံရ

PUBLISHED - November 18, 2022
ခရမ်း၊ နိုဝင်ဘာ ၁၈
ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်၊ ရိုးကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းဌေးသည် PDF လက်ချက်ဖြင့် သေဆုံးသွားသည်။
“ရိုးကြီးကျေးရွာမှာက သတ်ဖြတ်ခံနေရတာ အကြိမ်ကြိမ် ဖြစ်နေပြီ။ အရင်တစ်ခါလည်း အုပ်ကြီး အသတ်ခံရ တယ်။ အခု အုပ်ကြီးအသစ်လည်း အသတ်ခံရတယ်။ သူက ဧရာဝတီတိုင်းမှာ သွားရှောင်နေတာ။ ဒီလို ရောက်တာ တစ်ပတ်လောက်သာရှိသေးတယ်။ ဒီကနေ့ နံနက်က သတ်ဖြတ်ခံရတာ” လို့ ဒေသခံတစ်ဦးက ပြောသည်။
ဦးသန်းဌေးသည် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးဖြစ်သလို ကျေးရွာအုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။
#PeopleMedia #ခရမ်းမြို့
(unicode)
…………………………………