ခရမ်းမြို့နယ်၌ တစ်ရက်ထဲ ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၊ ၎င်းတို့သည် ရန်ကုန်ဆေးရုံ ကြီး၌ အရေးပေါ် ကုသနေရ

PUBLISHED - March 10, 2022
ခရမ်း၊ မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ပြည်ခိုင်ဖြိုးပါတီဝင်နှစ်ဦး သေနတ်ဖြင့် လုပ်ကြံ ခံရပြီးနောက် ဆေးကုသရန် တာဝန်ရှိသူများက ၎င်းတို့ကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ပါတယ်။
လုပ်ကြံခံရသူ နှစ်ဦးသည် ခရမ်းမြို့ အမှတ် ၁၀ ရပ်ကွက်ရှိ ဦးမြင့်စိုးနှင့် ခရမ်းမြို့ ကွန်းမိုးဒိန်းကျေးရွာနေ သော် ဇင်ထွန်းတို့ဖြစ်ကြောင်း သိရပါတယ်။
“ဦးမြင့်စိုးက ခရမ်းမြို့ပေါ်က သူ့အိမ်နားမှာ လုပ်ကြံခံရတာ။ သောင်ဇင်ထွန်းက သူ့ရွာမှာပါ။ ကွန်းမိုးဒိန်း ကျေး ရွာသည် ခရမ်းမြို့အဝင်၌ ရှိတဲ့ ကျေးရွာပါ။ လုပ်ကြံခံရတဲ့သူ နှစ်ယောက်လုံးက ခရမ်းမြို့ပေါ်မှာ ဖြစ်တယ်လို့ ပြောလို့ရတယ်။” လို့ ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ခရမ်းမြို့နယ်၌ လုံခြုံရေးယာဉ်တန်း မိုင်းဆွဲခံရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့သလို ခရမ်းမြို့နယ်ရှိ ပိန်းကန် ရဲစခန်းကို PDF အဖွဲ့က ပစ်ခတ်ခဲ့သည်။
ခရမ်းမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများအပါအဝင် တပ်မတော်မှ ဗိုလ်ကြီးတစ်ဦးတို့ လုပ်ကြံ သတ်ဖြတ်ခံရသော်လည်း ကျူးလွန်သူကို ဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။
#PeopleMedia
(unicode)
……………………………
#PeopleMedia