ခရမ်း-သုံးခွ-သန်လျင် ကားလမ်း မိုင်တိုင် ၄၄/၇ အနီး မြက်တောအတွင်း၌ လက်လုပ်မိုင်းပေါက်ကွဲရာ လူ၊ တိရိစ္ဆာန်၊ အဆောက်အဦး ထိခိုက်မှုမရှိ

PUBLISHED - December 20, 2021
သုံးခွ၊ ဒီဇင်ဘာ ၂၀ (People Media)
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်း-သုံးခွ-သန်လျင် ကားလမ်း မိုင်တိုင် ၄၄/၇ အနီး မြက်တောအတွင်း၌ လက်လုပ်မိုင်းပေါက်ကွဲရာ လူ၊ တိရိစ္ဆာန်၊ အဆောက်အဦး ထိခိုက်မှုမရှိခဲ့ကြောင်း အဆိုပါနေရာ၌ ရှိသည့် ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ် ဖြစ်ပေါ်ရာနေရာသည် သုံးခွမြို့နယ် လက်ပံကျိုးကျေးရွာအနီး၌ ပေါက်ကွဲခဲ့ခြင်း ဖြစ် ပြီး လက်လုပ်ဗုံးပေါက်ကွဲခဲ့သည့်နေရာ၌ ကားလမ်းမသည် ၁၅ ပေခန့်ကွာဝေးသော မြက်တောအတွင်း၌ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဖောက်ခွဲမှုသည် သုံးခွမြို့ PDF အဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖောက်ခွဲနိုင်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ သေဆုံးမှုရှိကြောင်း ရေးသားမှု ပြုလုပ်ထားသည်။
“မိုင်းကွဲတဲ့နေရာက ကားလမ်းမနဲ့ အဝေးကြီး။ ဘယ်သူမှလည်း မသေဘူး။ ဖောပြီး ရေးထားတာ။ ပေါက်တာက နှစ်ကြိမ်ပေါက်တာပါ” လို့ အဆိုပါ ဖြစ်စဉ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်ရှိ ကော့မှူးမြို့နယ်နှင့် ခရမ်းမြို့နယ်သည် PDF အဖွဲ့ လှုပ်ရှား လျက်ရှိသည့် မြို့နယ်နှစ်ခု ဖြစ်သည်။
Photo – Credit (ခရမ်း-သုံးခွ-သန်လျင် ပုံအဟောင်း အသုံးပြုထားသည်)
#PeopleMedia #ခရမ်း-သုံးခွ-သန်လျင်
(unicode)
……………………………………………………………..