ခရိုင်းမီးယားကျွန်းဆွယ်ပေါ်က ဆားဘက်စ်စတိုပိုမြို့ကိုတိုက်ခိုက်ရာမှာ ရုရှားရေတပ်ခေါင်းဆောင်တွေ ကျဆုံး/ ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းပြော

PUBLISHED - September 25, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅
ရုရှားတွေသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ပေါ်က ရုရှားရဲ့ပင်လယ်နက်ရေတပ်အုပ်စုဌာနချုပ်ကို သော ကြာနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) က ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ရာ ရုရှားရေတပ်အရာရှိတွေ အစည်းအဝေး လုပ်နေတာနဲ့ ကြုံကြိုက်တဲ့အတွက် ရုရှားအရာရှိတွေ အများအပြား သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း အစိုးရက ပြောကြားလိုက်ပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ရုရှားတပ်ဖွဲ့ဝင်တစ်ဦးပျောက်ဆုံးနေကြောင်း ရုရှားအစိုးရက သောကြာနေ့က ပြောပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ် ဆားဘက်စ်စတိုပိုဆိပ်ကမ်းမြို့မှာ အခြေစိုက်ထားတဲ့ ရေတပ်အုပ်စုဟာ ရုရှားရေတပ် ရဲ့အကောင်းဆုံး ရေတပ်အုပ်စုအဖြစ်သတ်မှတ်ထားတဲ့အုပ်စုဖြစ်ပါတယ်။
ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကထောက်ပံ့ထားတဲ့ Storm Shadow (မုန်တိုင်းအရိပ်ဒုံးကျည်) ဒုံးကျည်နဲ့ သောကြာ နေ့က တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ယူကရိန်းစစ်သတင်းရင်းမြစ်တစ်ဦးက BBC ကို ပြောပါတယ်။
သောကြာနေ့ကတိုက်ခိုက်မှုကြောင့် ရုရှားရေတပ်အုပ်စုရဲ့ ထိပ်တန်းခေါင်းဆောင်အပါအဝင် အများအပြားကျ ဆုံး/ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းစစ်ဘက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ခိုက်မှုကြောင့် ရုရှားတပ်မှူးနှစ်ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအ ကြီးအကဲ ကီရီလိုဘူဒါနော့ဗ်က ပြောပါတယ်။ တစ်ဖက်တည်းကပြောတဲ့ စစ်ရေးသတင်းအများအပြားကို BBC သတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
တပြိုင်တည်းမှာပဲ “အနောက်အင်အားကြီးနိုင်ငံတွေဟာ ယူကရိန်းတွေရဲ့ ခြေလက်တွေ၊ ခန္ဓာကိုယ်တွေကို အ သုံးပြုပြီး ရုရှားတွေကို တရားမဝင်တိုက်ခိုက်နေကြောင်း” ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က ပြော ပါတယ်။
နယူးယောက်မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောအပြီး သတင်းထောက်တွေကို ပြောကြားရာမှာ ဆာဂျီလာဗရော့ဗ်က အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။
အနောက်အုပ်စုဟာ ကမ္ဘာကြီးပေါ်က တခြားနိုင်ငံတွေနဲ့ စေ့စပ်ညှိနိုင်းလို့မရနိုင်တဲ့ တကယ့်မုသားအင်ပါယာ ကြီးဖြစ်ကြောင်း ဆာဂျီလာဗရော့ဗ်က ပြောပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင်ဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးနာမည်နဲ့ ထိုးစစ်ဆင်နွှဲတိုက်ခိုက်ခဲ့သလို ၂၀၁၄ ခုနှစ်ကလည်း ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပါ တယ်။
ဆားဘက်စ်စတိုပိုမြို့ကို စနေနေ့ကလည်း ထပ်မံတိုက်ခိုက်ခဲ့ရာ ရုရှားလေကြောင်းရန်ကာကွယ်ရေးက ပစ်ချခဲ့ တဲ့ ဒုံးကျည်တစ်စင်းရဲ့ အပျက်အစီးအပိုင်းအစတွေ ဆိပ်ခံတံတားအနီးကို ကျရောက်ခဲ့ကြောင်း ရုရှားဘက်က ခန့်အပ်ထားတဲ့ မြို့အုပ်ချုပ်ရေးမှူး မီခေးလ်ရက်ဗိုဇီးယက်ဗ်က ပြောပါတယ်။
Ref: Ukraine claims Sevastopol strike hit navy commanders
#PeopleMedia