• Follow Us on

Home ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်လာတဲ့ ယူကရိန်းဒရုန်း ၂၅ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားပြော

ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်လာတဲ့ ယူကရိန်းဒရုန်း ၂၅ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၃၁

 

ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဒရုန်း ၂၅ စင်းအသုံးပြုပြီး တိုက်ခိုက်ဖို့ဆောင်ရွက်လာတဲ့ ယူ ကရိန်းတွေရဲ့ ကြိုးပမ်းမှုကို ရုရှားတပ်တွေက ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားအစိုးရက တနင်္ဂနွေနေ့က ကြေညာ လိုက်ပါတယ်။

 

“ယူကရိန်းတွေရဲ့ မောင်းသူမဲ့လေယာဉ် ၁၆ စင်းကို ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့ ပါတယ်။” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

“နောက်ထပ် ဒရုန်း ၉ စင်းကိုတော့ အီလက်ထရောနစ်စစ်ဆင်ရေးနည်းပညာတွေအသုံးပြုပြီး တိုက်ခိုက်ခဲ့ရာမှာ အဲဒီဒရုန်းတွေဟာ သူတို့ရည်မှန်းထားတဲ့ပစ်မှတ်တွေဆီမရောက်ဘဲ ပင်လယ်နက်ထဲကို ထိုးကျသွားခဲ့ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

၂၀၁၄ ခုနှစ်က ရုရှားတွေသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ယူကရိန်းစစ်ပွဲတစ်လျှောက်လုံးမှာ ယူက ရိန်းဘက်က ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိရာ လတ်တလောသီတင်းပတ်တွေအတွင်းမှာ ပိုမိုအရှိန်မြှင့် တိုက် ခိုက်နေတယ်လို့ ဆိုပါတယ်။

 

ယူကရိန်းအစိုးရကတော့ ခရိုင်းမီးယားကျွန်းဆွယ်ကို ပြန်လည်သိမ်းပိုက်ယူဖို့ စီစဉ်ထားကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့ပါတယ်။ အခုအုပ်စုထဲမှာမပါတဲ့ ယူကရိန်းဒရုန်း ၃ စင်းကိုလည်း မော်စကိုမြို့ကောင်းကင်ယံမှာ တနင်္ဂနွေနေ့အစောပိုင်း က ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုကြောင့် အစိုးရရုံးတာဝါနှစ်ခု ထိခိုက်ပျက်စီးခဲ့ပြီး နိုင်ငံတကာလေဆိပ်တစ်ခုကို ယာယီပိတ်ထား ခဲ့ရတယ်လို့ ဆိုပါတယ်။

 

Ref: Moscow Says Thwarts Ukraine Attack on Crimea Involving 25 Drones

 

#PeopleMedia


Share this post