• Follow Us on
Latest News

Home ခရီးသည္တင္ေရယာဥ္အား AA အဖြဲ႕မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ရာ အသက္ ၁ ႏွစ္ ၆ လခန္႔ရွိ ကေလးငယ္ ၁ ဦးအပါအ၀င္ အျပစ္မဲ့ျပည္သူမ်ား(၂) ေသဆုံး၊ (၅)ဒဏ္ရာရရွိေၾကာင္း တပ္မေတာ္ ထုတ္ျပန္

ခရီးသည္တင္ေရယာဥ္အား AA အဖြဲ႕မွ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ရာ အသက္ ၁ ႏွစ္ ၆ လခန္႔ရွိ ကေလးငယ္ ၁ ဦးအပါအ၀င္ အျပစ္မဲ့ျပည္သူမ်ား(၂) ေသဆုံး၊ (၅)ဒဏ္ရာရရွိေၾကာင္း တပ္မေတာ္ ထုတ္ျပန္

Share this post

ရန္ကုန္၊ ဒီဇင္ဘာ -၁၁

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ႏႈံးဘူးေက်းရြာအနီး၊ ကုလားတန္ျမစ္အတြင္း၌ ဒီဇင္ဘာ ၁၀ ရက္တြင္ ခရီးသည္တင္ေရယာဥ္ ၁ စီးအား AA အဖြဲ႕က လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္မႈေၾကာင့္ အသက္ ၁ ႏွစ္ ၆ လခန္႔ရွိ ကေလးငယ္ ၁ ဦးအပါအ၀င္ ၂ ဦး ေသဆုံးၿပီး ၅ ဦး ျပင္းထန္စြာ ဒဏ္ရာမ်ားရရွိခဲ့ကာ ၁ ဦး ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း တပ္မေတာ္မွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ေဒသခံျပည္သူ ၁၈ ဦး စီးနင္းလိုက္ပါလာေသာ ခရီးသည္တင္ စက္ေလွ ၁ စီးသည္ ပလက္ ၀ၿမိဳ႕မွ ေတာင္ၿပိဳၿမိဳ႕ဘက္သို႔ ကုလားတန္ျမစ္အတိုင္း ဒီဇင္ဘာ ၁၀ ရက္ နံနက္ ၈ နာရီခန္႔တြင္ ထြက္ ခြာလာခဲ့ရာ ႏႈံးဘူးေက်းရြာသို႔ နံနက္ ၁၁ နာရီ ၄၀ မိနစ္ခန္႔တြင္ ေရာက္ရွိခဲ့ၿပီး ခရီးသည္မ်ား ဆင္းရန္ အတြက္ စက္ေလွအား ကမ္းကပ္စဥ္ AA အဖြဲ႕က လက္နက္ႀကီးျဖင့္ အေၾကာင္းမဲ့ ေႏွာင့္ယွက္ပစ္ခတ္ ခဲ့ေၾကာင္း၊ အဆိုပါပစ္ခတ္မႈေၾကာင့္ စက္ေလွလက္တန္းအား ထိမွန္ေပါက္ကြဲခဲ့ကာ လိုက္ပါစီးနင္းလာ သည့္ ခရီးသည္မ်ားအနက္ အသက္ ၁ ႏွစ္ ၆ လခန္႔ရွိ ကေလးငယ္ ၁ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦးတို႔ ေသ ဆုံးခဲ့ၿပီး အမ်ိဳးသား ၄ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦးတို႔၌ ျပင္းထန္စြာ ဒဏ္ရာမ်ားအသီးသီးရရွိခဲ့ေၾကာင္းႏွင့္ အမ်ိဳးသား ၁ ဦး ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

အဆိုပါ ဒဏ္ရာရရွိသူမ်ားအား ပလက္၀ျပည္သူ႕ေဆး႐ုံသို႔ ပို႔ေဆာင္ေဆးကုသမႈခံယူေစလ်က္ရွိကာ အဆိုပါေနရာတစ္ဝိုက္အား တပ္မေတာ္စစ္ေၾကာင္းမ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္ ရြက္လ်က္ရွိသည္။

#PeopleMedia

(ျပည္တြင္းျပည္ပ စစ္ေရး၊ ႏိုင္ငံေရး၊ လူမႈေရးစသည့္ သတင္းမ်ား အသစ္တင္တိုင္း သိရွိရန္ PeopleMedia သတင္းဌာန Page ကို like လုပ္ဖို႔ ေမတၱာရပ္ခံပါတယ္)

(Unicode)
ခရီးသည်တင်ရေယာဉ်အား AA အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူများ(၂) သေဆုံး၊ (၅)ဒဏ်ရာရရှိကြောင်း တပ်မတော် ထုတ်ပြန်
………………………………………………………

ရန်ကုန်၊ ဒီဇင်ဘာ -၁၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှုံးဘူးကျေးရွာအနီး၊ ကုလားတန်မြစ်အတွင်း၌ ဒီဇင်ဘာ ၁၀ ရက်တွင် ခရီးသည်တင်ရေယာဉ် ၁ စီးအား AA အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ပြင်းထန်စွာ ဒဏ်ရာများရရှိခဲ့ကာ ၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်မှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဒေသခံပြည်သူ ၁၈ ဦး စီးနင်းလိုက်ပါလာသော ခရီးသည်တင် စက်လှေ ၁ စီးသည် ပလက် ဝမြို့မှ တောင်ပြိုမြို့ဘက်သို့ ကုလားတန်မြစ်အတိုင်း ဒီဇင်ဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် ထွက် ခွာလာခဲ့ရာ နှုံးဘူးကျေးရွာသို့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် ရောက်ရှိခဲ့ပြီး ခရီးသည်များ ဆင်းရန် အတွက် စက်လှေအား ကမ်းကပ်စဉ် AA အဖွဲ့က လက်နက်ကြီးဖြင့် အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ် ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် စက်လှေလက်တန်းအား ထိမှန်ပေါက်ကွဲခဲ့ကာ လိုက်ပါစီးနင်းလာ သည့် ခရီးသည်များအနက် အသက် ၁ နှစ် ၆ လခန့်ရှိ ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေ ဆုံးခဲ့ပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့၌ ပြင်းထန်စွာ ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်းနှင့် အမျိုးသား ၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါ ဒဏ်ရာရရှိသူများအား ပလက်ဝပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကာ အဆိုပါနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင် ရွက်လျက်ရှိသည်။

#PeopleMedia

(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)


Share this post