• Follow Us on

Home ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမှ အရှိန်လွန်၍ ရေမြောင်းထဲသို့ထိုးကျရာ အမျိုးသားတစ်ဦး သေဆုံး

ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမှ အရှိန်လွန်၍ ရေမြောင်းထဲသို့ထိုးကျရာ အမျိုးသားတစ်ဦး သေဆုံး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၃

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့ရှိ သထုံ-ဘားအံလမ်းမကြီးတွင် ခရီးသည်တင်မှန်လုံယာဉ်တစ်စီးမှ အရှိန်လွန်၍ ရေမြောင်းထဲသို့ထိုးကျရာ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

 

ယနေ့နံနက် ၇:၁၅ အချိန်တွင် ရန်ကုန်-မြဝတီ ခရီးသည်မှန်လုံတင်ယာဉ်တစ်စီးမှ အထက်ကော့ရင်းကျေးရွာရှိ ဆန်းထူးကုမ္ပဏီအကွေ့၌ အရှိန်လွန် ရေမြောင်းထဲသို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။

 

ထိုယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် (၅) ဦးအနက် အမျိုးသားတစ်ဦးမှာ ယာဉ်တိမ်းမှောက်မှုကြောင့် အခင်းနေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post