• Follow Us on

Home ခရီးသည်တင်လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲဖို့ တရုတ်နိုင်ငံရဲ့တောင်းဆိုချက် အိန္ဒိယငြင်းပယ်

ခရီးသည်တင်လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲဖို့ တရုတ်နိုင်ငံရဲ့တောင်းဆိုချက် အိန္ဒိယငြင်းပယ်

Share this post

နိုင်ငံတကာ၊ ဇွန် ၂၁

 

လေးနှစ်ကြာ ခရီးသည်တင်တိုက်ရိုက်လေကြောင်းခရီးစဉ်တွေ ပိတ်ထားပြီးနောက်မှာ နှစ်နိုင်ငံ ခရီးသည်တင် လေယာဉ်တွေတိုက်ရိုက်ပြန်လည်ပျံသန်းပြေးဆွဲဖို့ တရုတ်နိုင်ငံဘက်က တောင်းဆိုခဲ့ပေမဲ့ အိန္ဒိယနိုင်ငံက ငြင်း ပယ်ခဲ့ကြောင်း အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

 

၂၀၂၀ ပြည့်နှစ်က ဟိမလေယန်အငြင်းပွားနယ်စပ်ဒေသမှာ အိန္ဒိယတပ်ဖွဲ့ဝင် ၂၀ နဲ့ တရုတ်တပ်ဖွဲ့ဝင် ၄ ဦး သေ ဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးစစ်ရေးထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားပြီးက တည်းက အိန္ဒိယနဲ့ တရုတ်ရဲ့ ဆက်ဆံရေး တင်းမာခဲ့တာဖြစ်ပါတယ်။

 

နှစ်နိုင်ငံစလုံးဟာ နယ်စပ်တွေမှာ တပ်ဖွဲ့ဝင်အင်အား ထောင်နဲ့ချီတပ်ဖြန့်ချထားဆဲဖြစ်ပါတယ်။

 

အဲဒီထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားပြီးကတည်းက နှစ်နိုင်ငံကြား ကုန်တင်လေယာဉ်တွေ တိုက်ရိုက်ပြေးဆွဲနေဆဲဖြစ် ပေမဲ့ အိန္ဒိယနိုင်ငံတွင်း တရုတ်ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုခက်ခဲအောင် အိန္ဒိယနိုင်ငံက ဆောင်ရွက်ခဲ့တဲ့အပြင် တရုတ်အပလီကေးရှင်းပေါင်းများစွာကို ပိတ်ပင်ခဲ့သလို ခရီးသည်တင်လေကြောင်းလိုင်းတွေကိုလည်း ပိတ်ပင်ခဲ့ ပါတယ်။

 

ပြီးခဲ့တဲ့နှစ်က တရုတ်အစိုးရနဲ့ လေကြောင်းလိုင်းတွေက နှစ်နိုင်ငံ ခရီးသည်တင်လေယာဉ်တွေ တိုက်ရိုက်ပြန် လည်ပြေးဆွဲဖို့ အိန္ဒိယလေကြောင်း အာဏာပိုင်တွေကို လေးငါးကြိမ်တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်နှစ်ဦး က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

“တိုက်ရိုက်လေကြောင်းလိုင်း စောစီးစွာ ပြန်ဖွင့်ဖို့ အိန္ဒိယဘက်က တရုတ်နိုင်ငံနဲ့ လက်တွဲဆောင်ရွက်သွားမယ် လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တိုက်ရိုက်လေကြောင်းပျံသန်းမှု ပြန်လည်ဖွင့်လှစ်တာဟာ နှစ်နိုင်ငံစလုံးအ တွက် အကျိုးရှိမှာဖြစ်ပါတယ်။” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

ဒါပေမဲ့ နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးမရသေးဘူးဆိုရင် ကျန်တဲ့ဆက်ဆံရေးတွေ ရှေ့ဆက်လို့ ရဦးမှာမဟုတ်သေးကြောင်း အိန္ဒိယထိပ်တန်းအရာရှိတစ်ဦးက ပြောပါတယ်။

 

တရုတ်လေကြောင်းလိုင်းကုမ္ပဏီတွေက လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲဖို့ တရုတ်အစိုးရကို တိုက်တွန်း နေချိန်မှာ အိန္ဒိယလေကြောင်းလိုင်းတွေက နယူးဒေလီအစိုးရနဲ့ ဆွေးနွေးနေကြောင်း အိန္ဒိယနိုင်ငံရဲ့အကြီးဆုံး Indigo လေကြောင်းလိုင်းရဲ့ CEO ပီတာအယ်လ်ဘားစ်က ပြောပါတယ်။

 

Ref: India shuns China’s calls to resume direct flights

 

#PeopleMedia


Share this post