ခရီးသြားလုပ္ငန္းလုပ္ကိုင္သည့္ Covid 19 Virus လူနာ (၈) ဦးေျမာက္ သြားလာသည့္ေနရာမ်ားကို ေရာဂါ မျပန္႔ႏွံ႔ေစေရးေဆာင္ရြက္မည္

PUBLISHED - March 28, 2020
ျမန္မာႏိုင္ငံတြင္ စတင္ကူးစက္ခံရသည့္ ဗဟန္းၿမိဳ႕နယ္ ဆရာစံေျမာက္ရပ္ကြက္ ေက်ာက္ေရတြင္းလမ္းတြင္ ေန ထိုင္သူ Covid 19 Virus လူနာ (၈) ဦးေျမာက္၏ သြားလာခဲ့ေသာ ခရီးစဥ္လမ္းေၾကာင္းမ်ားႏွင့္ ထိေတြ႕ဆံခဲ့ သူမ်ား၏စာရင္းကို က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနထံ သတင္းပို႔ထားၿပီး လိုအပ္ပါက Quarantine ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ဗဟန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က မတ္လ ၂၈ ရက္ ေန႔က People Media ကိုေျပာသည္။
လက္ရွိတြင္ ဗဟန္းၿမိဳ႕နယ္ ဆရာစံေျမာက္ရပ္ကြက္ ေက်ာက္ေရတြင္းရွိ ၎၏မိသားစု၀င္မ်ားကို Home Quarantine ျပဳလုပ္ထားၿပီး အဆိုပါလမ္းကို ဒုတိယအဆင့္ Quarantine ျပဳလုပ္သြားမည္ၿပီး ယင္းရပ္ကြက္ အတြင္း ေနထိုင္ေသာ ျပည္သူမ်ားအေနျဖင့္လည္း လူ၀င္ထြက္မႈမမ်ားေစရန္ လုပ္ငန္းမ်ားကိုလည္း ေဆာင္ ရြက္သြားမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။
“ကၽြန္ေတာ္တို႔ကေတာ့ ေမးထားၿပီးၿပီ မွတ္တမ္းေတြေတာ့ရွိတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တို႔က ဒါကို ထုတ္ျပန္လို႔ မရဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ ျပည္သူလူထုအေနနဲ႔ မလိုလားအပ္ပဲ စိုးရိမ္ပူပန္မႈလြန္ကဲသြားမွာစိုးပါ တယ္။ ကၽြန္ေတာ္တို႔ လူနာနဲ႔ထိေတြ႕ခဲ့တာေတြ လူနာေနထိုင္ခဲ့တာေတြ လူနာထမင္း၀င္စားခဲ့တဲ့ေနရာေတြကို ကၽြန္ေတာ္တို႔ သက္ဆိုင္ရာ၀န္ႀကီးဌာနကို သတင္းပို႔ထားပါၿပီ။ အဲ့ဒီ Contect Trace အားလုံးကို လိုအပ္ရင္ Quarantine လုပ္ပါမယ္” ဟု ဦးထြန္းျမင့္က ေျပာသည္။
ဗဟန္းၿမိဳ႕နယ္အတြင္းရွိ ျပည္သူမ်ားအေနျဖင့္လည္း Covid 19 Virus အတည္ျပဳလူနာ မိမိတို႔ၿမိဳ႕နယ္အတြင္း တည္ရွိေနျခင္းေပၚ စိုးရိမ္မႈမလြန္ကဲက်ရန္ႏွင့္ ျပည္သူလူထုအေနျဖင့္လည္း လိုအပ္သည္ထက္ အိမ္ျပင္သို႔ ၀င္ထြက္သြားလာျခင္းမျပဳလုပ္ရန္လည္း လိုအပ္ေၾကာင္း ၎က ဆိုသည္။
“ကၽြန္ေတာ္တို႔ ဒီေန႔မွာပဲ (မတ္လ ၂၈ ရက္) သူလမ္းနဲ႔ သူ႔အိမ္ကို ေဆးျဖန္းပါမယ္။ သူအိမ္ကေတာ့ (Lock Down ) လုပ္တဲ့အတြက္ ဘယ္သူမွ ၀င္ထြက္လို႔မရေတာ့ပါဘူး။ လူနာရဲ႕မိသားစုကိုလည္း (Lock Down ) လုပ္ၿပီးေတာ့ လူနာနဲ႔ ထိေတြ႕ခဲ့တဲ့ သဲလြန္စေတြကိုလည္း Quarantine လုပ္ပါမယ္” ဟု ဦးထြန္းျမင့္က ေျပာ သည္။
မတ္လ ၂၈ ရက္ေန႔ နံနက္ပိုင္းအထိ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ အတည္ျပဳလူနာ စာရင္းမ်ားအရ ျမန္မာႏိုင္ငံတြင္ Covid 19 Virus လူနာ ၈ ဦးအထိ ရွိလာၿပီး အဆိုပါလူနာမ်ားသည္ ခ်င္းျပည္နယ္၊ မႏၲေလး၊ ေနျပည္ေတာ္၊ ရန္ကုန္စသည့္ေနရာမ်ားတြင္ ေတြ႕ရွိထားျခင္းျဖစ္သည္။
ၿဖိဳးေအာင္
Photo – Credit
#PeopleMedia
(Unicode)
ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် Covid 19 Virus လူနာ (၈) ဦးမြောက် သွားလာသည့်နေရာများကို ရောဂါ မပြန့်နှံ့စေရေးဆောင်ရွက်မည်
…………………………………………………………………
မြန်မာနိုင်ငံတွင် စတင်ကူးစက်ခံရသည့် ဗဟန်းမြို့နယ် ဆရာစံမြောက်ရပ်ကွက် ကျောက်ရေတွင်းလမ်းတွင် နေ ထိုင်သူ Covid 19 Virus လူနာ (၈) ဦးမြောက်၏ သွားလာခဲ့သော ခရီးစဉ်လမ်းကြောင်းများနှင့် ထိတွေ့ဆံခဲ့ သူများ၏စာရင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ သတင်းပို့ထားပြီး လိုအပ်ပါက Quarantine ပြုလုပ်သွားမည်ဖြစ်ကြောင်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က မတ်လ ၂၈ ရက် နေ့က People Media ကိုပြောသည်။
လက်ရှိတွင် ဗဟန်းမြို့နယ် ဆရာစံမြောက်ရပ်ကွက် ကျောက်ရေတွင်းရှိ ၎င်း၏မိသားစုဝင်များကို Home Quarantine ပြုလုပ်ထားပြီး အဆိုပါလမ်းကို ဒုတိယအဆင့် Quarantine ပြုလုပ်သွားမည်ပြီး ယင်းရပ်ကွက် အတွင်း နေထိုင်သော ပြည်သူများအနေဖြင့်လည်း လူဝင်ထွက်မှုမများစေရန် လုပ်ငန်းများကိုလည်း ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ကတော့ မေးထားပြီးပြီ မှတ်တမ်းတွေတော့ရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒါကို ထုတ်ပြန်လို့ မရဘူး။ ဘာကြောင့်လည်းဆိုတော့ ပြည်သူလူထုအနေနဲ့ မလိုလားအပ်ပဲ စိုးရိမ်ပူပန်မှုလွန်ကဲသွားမှာစိုးပါ တယ်။ ကျွန်တော်တို့ လူနာနဲ့ထိတွေ့ခဲ့တာတွေ လူနာနေထိုင်ခဲ့တာတွေ လူနာထမင်းဝင်စားခဲ့တဲ့နေရာတွေကို ကျွန်တော်တို့ သက်ဆိုင်ရာဝန်ကြီးဌာနကို သတင်းပို့ထားပါပြီ။ အဲ့ဒီ Contect Trace အားလုံးကို လိုအပ်ရင် Quarantine လုပ်ပါမယ်” ဟု ဦးထွန်းမြင့်က ပြောသည်။
ဗဟန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည်း Covid 19 Virus အတည်ပြုလူနာ မိမိတို့မြို့နယ်အတွင်း တည်ရှိနေခြင်းပေါ် စိုးရိမ်မှုမလွန်ကဲကျရန်နှင့် ပြည်သူလူထုအနေဖြင့်လည်း လိုအပ်သည်ထက် အိမ်ပြင်သို့ ဝင်ထွက်သွားလာခြင်းမပြုလုပ်ရန်လည်း လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ဒီနေ့မှာပဲ (မတ်လ ၂၈ ရက်) သူလမ်းနဲ့ သူ့အိမ်ကို ဆေးဖြန်းပါမယ်။ သူအိမ်ကတော့ (Lock Down ) လုပ်တဲ့အတွက် ဘယ်သူမှ ဝင်ထွက်လို့မရတော့ပါဘူး။ လူနာရဲ့မိသားစုကိုလည်း (Lock Down ) လုပ်ပြီးတော့ လူနာနဲ့ ထိတွေ့ခဲ့တဲ့ သဲလွန်စတွေကိုလည်း Quarantine လုပ်ပါမယ်” ဟု ဦးထွန်းမြင့်က ပြော သည်။
မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အတည်ပြုလူနာ စာရင်းများအရ မြန်မာနိုင်ငံတွင် Covid 19 Virus လူနာ ၈ ဦးအထိ ရှိလာပြီး အဆိုပါလူနာများသည် ချင်းပြည်နယ်၊ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်စသည့်နေရာများတွင် တွေ့ရှိထားခြင်းဖြစ်သည်။
ဖြိုးအောင်
Photo – Credit