ခရုစ်ဒုံးကျည်ကို ခရီးသည်တင်လေယာဉ်တွေလို့ ရေဒါမှာမြင်ရအောင် နည်းပညာသစ်တစ်ရပ် တီထွင်ဖန်တီး လိုက်ပြီဖြစ်ကြောင်း တရုတ်ပြော
PUBLISHED - December 23, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃
တရုတ်နိုင်ငံက ပစ်လွှတ်မယ့် ခရုစ်ဒုံးကျည်တွေကို ရန်သူ့ရေဒါဖန်သားပြင်မှာ သာမန်ခရီးသည်တင်လေယာဉ် တွေနဲ့ တူအောင် ဖန်တီးပြုလုပ်ထားတဲ့ နည်းပညာသစ်တစ်ရပ်ကို တီထွင်ထုတ်လုပ်လိုက်ပြီဖြစ်ကြောင်း တရုတ် အစိုးရက ပြောကြားလိုက်ပါတယ်။
ရွှေခြုံလွှာ (Golden Veil) လို့ အမည်ပေးထားတဲ့ အဲဒီနည်းပညာဟာ မိမိဘက်ကပစ်လွှတ်လိုက်တဲ့ဒုံးကျည်ကို ရန်သူ့ရေဒါပေါ်မှာ ဘိုးရင်း ၇၃၇ လေယာဉ်/ အဲဘတ်စ် အေ၃၂၀ လေယာဉ်တို့လို အကြီးစားခရီးသည်တင်လေ ယာဉ်တွေပုံစံမျိုးနဲ့ တွေ့ရအောင် နည်းပညာနဲ့ ဖန်တီးပြောင်းလဲထားတာဖြစ်ပါတယ်။
ဒုံးကျည်ပျံသန်းနေစဉ်အတွင်းမှာ သမရိုးကျပျံသန်းမှုဖြစ်စေ ကိုယ်ပျောက်ပျံသန်းမှုဖြစ်စေ လိုသလိုပြောင်းလဲ အောင်ဆောင်ရွက်နိုင်ဖို့လက်နက်တစ်ခုအဖြစ် အဲဒီနည်းပညာကို ထီးတစ်စင်းလို တွဲဖက်ထားနိုင်တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်တွေ ခြိမ်းခြောက်မှုကို တုံ့ပြန်ရာမှာ သိသိသာသာ အချိန်လျှော့ချနိုင်ဖို့အတွက် ဒီနည်းပညာကို ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာဖြစ်ကြောင်း South China Morning Post သတင်းစာက ပြောပါတယ်။
တရုတ်နဲ့ အမေရိကန် နည်းကပညာအားပြိုင်ပွဲကြားမှာ နိုင်ငံရဲ့ စွမ်းရည်ကို မြှင့်တင်ဖို့အတွက် တရုတ်နိုင်ငံ အ နောက်မြောက်ပိုင်းမှာ သုတေသနအဖွဲ့တစ်ဖွဲ့က အခု ရွှေခြုံလွှာ (Golden Veil) နည်းပညာကို ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
ရန်သူ့ရေဒါအချက်ပြမှုတွေကို တုံ့ပြန်ဖို့အတွက် ရှုပ်ထွေးလှတဲ့ ဂျီသြမေတြီကွန်ရက်ကိုတည်ဆောက်ထားတဲ့ သန့်စင်ထားတဲ့ရွှေသတ္တုနန်းမျှင်လေးတွေနဲ့ ဒီနည်းပညာကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။
အလေးချိန် ၁ ကီလိုဂရမ် (၂.၂ ပေါင်) သာရှိတဲ့ ဒီနည်းပညာသစ်ကိရိယာဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှာရှိတဲ့ ဒုံးကျည်အမျိုးမျိုးနဲ့ တွဲဖက်အသုံးပြုလို့ရတဲ့ သဟဇာတစွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။
ဒီနည်းပညာသစ်ကိရိယာကို ဈေးနှုန်းသက်သာတဲ့ပစ္စည်းတွေကို အသုံးပြုထုတ်လုပ်ထားတာဖြစ်ပြီး အနာ ဂတ်ကာလမှာ ဝယ်လိုအားမြင့်တက်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒီကိရိယာဟာ လေကြောင်းတိုက်ခိုက်မှု မဟာဗျူဟာအပေါ် အကျိုးသက်ရောက်နိုင်မှု စွမ်းရည်ရှိတဲ့အတွက် အလွန်ခေတ်မီတဲ့ ဒီနည်းပညာသစ်ကိရိယာဟာ မကြာခင်မှာ စစ်ပွဲရဲ့မျက်နှာစာကို ပြောင်းလဲသွားနိုင်မှာဖြစ် တယ်လို့ တီထွင်ဖန်တီးခဲ့တဲ့ ပညာရှင်တွေက ပြောပါတယ်။
အရည်အသွေးကောင်းမွန်မှုတွေပါဝင်နေတယ်လု့ိ ဆိုပေမဲ့ ရွှေခြုံလွှာ (Golden Veil) နည်းပညာသစ်ဟာ အများ အပြားထုတ်လုပ်တဲ့အချိန်မှာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်သေးတယ်လို့ ဆိုပါတယ်။
ဒီဇိုင်းရေးဆွဲထုတ်လုပ်သူတွေအနေနဲ့ ဒီနည်းပညာကိရိယာရဲ့ စွမ်းဆောင်ရည်ကို တသမတ်တည်းစွမ်းဆောင် ရည်ဖြစ်စေရေးအတွက် တိကျသေချာအောင်ဆောင်ရွက်ဖို့ လိုလိမ့်မယ်လို့ ဆိုပါတယ်။
အဲဒီလိုဆောင်ရွက်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ ခေတ်မီစက်မှုနည်းပညာနဲ့ ထုတ်လုပ်မှုနည်းတွေ ရရှိအောင် ကြိုးပမ်းရာမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ လိုအပ်ကောင်း လိုအပ်နိုင်သေးတယ်လို့ ဆိုပါတယ်။
Ref: China Says Developed Tech to Disguise Missiles as Civilian Planes
#PeopleMedia