ခလရ ၂၅၆/၂၅၇/၂၅၈ အခြေစိုက်ရာ ရေစကြိုမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများသည် လုံခြုံရေးအာမခံချက်မရရှိ၍ အလုံးအရင်းဖြင့် နုတ်ထွက်မှုများ ဖြစ်ပေါ်
PUBLISHED - October 5, 2021
မကွေး၊ အောက်တိုဘာ – ၅ (People Media)
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများသည် လုံခြုံရေးအာမခံချက်မရရှိ၍ အလုံးအရင်း ဖြင့် နုတ်ထွက်မှုများ ဖြစ်ပေါ်နေတယ်လို့ မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။
ရေစကြိုမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများသည် စက်တင်ဘာနောက်ဆုံးပတ်မှ စတင်၍ တာဝန်မှ နုတ်ထွက်မှုများ နေ့စဉ် များပြားလာခဲ့ပါတယ်။
“အခုက မြို့ပေါ်က အုပ်ကြီးတွေ နုတ်ထွက်လာတယ်။ အချို့ မြို့ပေါ်က အုပ်ချုပ်ရေးမှူးအချို့ အိမ်တွေ ဗုံးခွဲခံ ရမှုတွေရှိတယ်။ ရေစကြိုမြစ်အရှေ့ဘက်က ရွာတွေက အုပ်ကြီးတွေအတွက် လုံခြုံရေး အတော်စိုးရိမ်ရတယ်။ သူတို့လည်း နုတ်ထွက်လာကြပြီလို့” ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးက ပြောပါတယ်။
ရေစကြိုမြို့ရှိ ဒေသခံ PDF အဖွဲ့များက အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်မှ မနုတ်ထွက်လျင် ၎င်းနှင့်အတူ မိသားစုဝင်များ၏ အသက်ကို တာဝန်မယူနိုင်ကြောင်း ထုတ်ပြန်မှု ပြုလုပ်ထားပါတယ်။
လုံခြုံရေးအဖွဲ့ကလည်း လုံခြုံရေးတိတိကျကျ မလုပ်ပေးနိုင်ဘူး။ ကျွန်တော်တို့ရှေ့မှာ လုပ်ကြံခံရလို့ သေသွား သူတွေရှိတယ်။ လုံခြုံရေးမကောင်းရင် ရပ်ကျေးအုပ်ချုပ်ရေးယန္တယား အလုပ်လုပ်လို့မရပါဘူး” လို့ ရေစကြို မြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
ရေစကြိုမြို့နယ်သည် ခလရ ၂၅၆၊၂၅၇၊၂၅၈ အခြေစိုက်ရာမြို့နယ်တစ်ခုဖြစ်ပါတယ်။
#PeopleMedia #ရေစကြိုမြို့
(unicode)
………………………………………………………………..