• Follow Us on
Latest News

Home ခါကိဗ်ဒေသ တိုက်ပွဲတစ်ခုမှာ တစ်ညတည်း တပ်ခွဲတစ်ခွဲလုံးနီးပါး ပြုတ်သွားအောင် ယူကရိန်းတွေ ချေမှုန်းတာ ခံခဲ့ရကြောင်း ရုရှားစစ်သည်တစ်ဦး ပြော

ခါကိဗ်ဒေသ တိုက်ပွဲတစ်ခုမှာ တစ်ညတည်း တပ်ခွဲတစ်ခွဲလုံးနီးပါး ပြုတ်သွားအောင် ယူကရိန်းတွေ ချေမှုန်းတာ ခံခဲ့ရကြောင်း ရုရှားစစ်သည်တစ်ဦး ပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၁၉

 

ခါကိဗ်မြို့က ပြင်းထန်လှတဲ့တိုက်ပွဲမှာ ၎င်းတို့တပ်ဖွဲ့တစ်ခုလုံးနီးပါး ဖွဲ့စည်းပုံပျက်သွားအောင် ယူကရိန်းတပ်တွေ ရဲ့တိုက်ခိုက်မှု ခံခဲ့ရကြောင်း ရုရှားစစ်သည်တစ်ဦးက ပြောကြားလိုက်ပါတယ်။

 

ဗိုချန့်စ်ခ်မြို့က ပထမနေ့ ညတိုက်ပွဲတစ်ခုမှာ ၎င်းတို့တပ်ဖွဲ့ဝင် တစ်ဝက် ကျဆုံးသွားခဲ့ကြောင်း ရုရှားတပ်မတော် အမှတ် ၁၀၀၉ တပ်ရင်း၊ အမှတ် ၅ တပ်ခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ အန်တွန်အန်းဒရီးဗ်က ပြောပါတယ်။

 

နယ်မြေတွေ ပိုမိုသိမ်းပိုက်နိုင်အောင် ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ အင်အား ၁၀၀ ရှိတဲ့ ၎င်းတို့တပ်ဖွဲ့မှာ ဆက်လက်တိုက်ပွဲဝင်ဖို့ အင်အား ၁၂ ယောက်သာ ကျန်ရှိတော့ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားပါတယ်။

 

ရုရှားတပ်ဖွဲ့ဝင်တွေ အများအပြားကျဆုံးရတာဟာ ယူကရိန်းဘက်က အမြောက်ပစ်ခတ်မှုတွေနဲ့ ဒရုန်းတိုက်ခိုက် မှုတွေကြောင့် ကျဆုံးရတာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။

 

“လမ်းမတွေပေါ်လျှောက်ကြည့်တဲ့အခါ အားလုံးအဆင်ပြေချောမွေ့နေသလို ထင်ရလိမ့်မယ်။ ဒါပေမဲ့ အဲဒီနောက် လူတွေအစုလိုက်အပြုံလိုက်သေနေတာကို တွေ့ရလိမ့်မယ်။” လို့ The Guardian သတင်းစာက အတည်ပြုထားတဲ့ ဗီဒီယိုဖိုင်တစ်ခုထဲမှာ အန်းဒရီးဗ်က ပြောပါတယ်။

 

ရုရှားတပ်ဖွဲ့ဝင် ၃၀,၀၀၀ လောက်က ယူကရိန်းတပ်ဖွဲ့ဝင်တွေကို မထင်မှတ်ဘဲ ဖမ်းဆီးနိုင်ခဲ့ပြီး စတုရန်းမိုင် ၉၉ မိုင်လောက်ကို သိမ်း ပိုက်လိုက်နိုင်တဲ့အချိန် ပြီးခဲ့တဲ့လကစပြီး ခါကိဗ်ဒေသမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာခဲ့ ပါတယ်။

 

အဲဒီနေရာမှာ တိရစ္ဆာန်တစ်ကောင်လို သွားသေဖို့ စေလွှတ်ခံနေရကြောင်း အန်းဒရီးဗ်က ညည်းညူပြောဆိုသ လို စစ်ဆင်ရေးက မလွယ်ကူဘူးလို့ ဆိုပါတယ်။

 

အကျအဆုံး အလွန်များပြားနေတာတောင် ၎င်းတို့ရဲ့အရာရှိတွေက အမြဲပဲ အတင်းရှေ့တက်ခိုင်းနေကြောင်း အန်းဒရီးဗ်က ပြောပါတယ်။

 

“သူတို့တွေ ကျွန်တော်တို့ကို အသေသတ်နေတာဗျ။ နေ့ခင်းကြောင်တောင် စက်သေနတ်တွေပစ်နေတဲ့ကြားထဲ၊ ဒရုန်းတွေနဲ့ ပစ်နေတဲ့ကြားထဲမှာ တိရစ္ဆာန်တွေလို ကျွန်တော်တို့ကို စေလွှတ်နေတာ။ ခေါင်းဆောင်အရာရှိတွေ ကတော့ တက်.. တက် လို့ပဲ အော်နေကြတာ။” လို့ ၎င်းက ပြောပါတယ်။

 

အန်းဒရီးဗ်ရဲ့ ပြောဆိုချက်ကို အတည်ပြုနိုင်တယ်ဆိုရင် အကျအဆုံးများပြားတဲ့အထိ ရုရှားစစ်တပ်ဟာ စစ်မြေ ပြင်မှာ အမှားတွေ အများအပြားကျူးလွန်နေသလားဆိုတာ အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။

 

ရုရှားတပ်တွေဟာ ရန်သူ့နယ်မြေတစ်ခုမှာ ဘာအကာအကွယ်မှ မရှိဘဲ စစ်သည်ဦးရေအများအပြား တိရစ္ဆာန် တွေလိုပဲ အုံလိုက်ကျင်းလိုက် ဆက်လက်ထိုးတက်နေကြကြောင်း ယူကရိန်းအမြောက်တပ်မှူးတစ်ဦးက အခုနှစ် အစောပိုင်းက ပြောပါတယ်။

 

Ref: Russian Soldier Says Ukraine Almost Wiped Out His Entire Unit in Kharkiv

 

#PeopleMedia


Share this post