ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက်ကျေးရွာအုပ်စုရှိ ဒေသခံ ၁၀၀ ကျော်ကို ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေး
PUBLISHED - September 28, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ တုန်ဟုန်းကျေးရွာအုပ်စုနှင့် ဟိုင်းလိုက်ကျေးရွာအုပ်စုရှိ ဒေသခံတိုင်းရင်း သားများအား တုန်ဟုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံတိုင်းရင်းသားပြည်သူ ၁၀၅ ဦးအား ကျန်း မာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးသည့်အပြင် ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သူများအား ခိုလမ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ သို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေး ခဲ့သည်။
#PeopleMedia