ခိုး၀င္သည့္ျမန္မာႏိုင္ငံသား ၂၁ ေယာက္ကို ထိုင္းရဲဖမ္းဆီး

PUBLISHED - November 25, 2020
ကန္ခ်နာဘူရီ၊ ႏို၀င္ဘာ ၂၄
အဂၤါေန႔မနက္ပိုင္းတြင္ ထိုင္းႏိုင္ငံသို႔ ဆန္ခလာဘူရီနယ္စပ္ကိုတရားမ၀င္ျဖတ္ေက်ာ္ၿပီး ေရာ္ဘာစိုက္ခင္းမွ တဆင့္၀င္ေရာက္လာသည့္ျမန္မာႏိုင္ငံသား ၂၁ ေယာက္ကို ထိုင္းရဲက ဖမ္းဆီးခဲ့သည္။
အမ်ိဳးသမီး ၁၁ ေယာက္၊ အမ်ိဳးသား ၉ ေယာက္ႏွင့္ ကေလးငယ္ ၁ ေယာက္တို႔က မနက္ ၄ နာရီခန္႔တြင္ ေရာ္ဘာခင္းကိုျဖတ္သြားရာ ဆူရာဆီးတပ္ဖြဲ႔၏ကင္းလွည့္ရဲတပ္ဖြဲ႔က သူတို႔ကို ေတြ႕႐ွိခဲ့သည္။
ဆန္ခလာဘူရီရဲစခန္းသို႔ သူတို႔ကိုေခၚေဆာင္ခဲ့ၿပီး တရားမ၀င္၀င္ေရာက္မႈ၊ ေရာဂါထိန္းခ်ဳပ္မႈအက္ဥပေဒ ခ်ိဳးေဖာက္မႈႏွင့္ နယ္စပ္ပိတ္ထားရန္ခ႐ိုင္ေရာဂါထိန္းခ်ဳပ္မႈေကာ္မတီ၏အမိန္႔ခ်ိဳးေဖာက္မႈတို႔ျဖင့္ တရားစြဲခံ ထားရသည္။
ေ႐ႊ႕ေျပာင္းလာသူအခ်ိဳ႕က ထိုင္းစကားေျပာတတ္ၿပီး ျမန္မာႏိုင္ငံနယ္စပ္မွဘန္ဘူးရင္ျပင္႐ြာမွ မနက္ ၃ နာရီတြင္ထြက္လာကာ ထိုင္းလမ္းျပတေယာက္ဦးေဆာင္မႈျဖင့္ ဆန္ခလာဘူရီဘက္ကို၀င္ေရာက္ခဲ့ေၾကာင္း အာဏာပိုင္မ်ားကို သူတို႔က႐ွင္းျပသည္။
နခြန္ဖသြန္၊ ဆာမြန္ဆာခြန္ႏွင့္ ဆာမြတ္ေဆာင္ခရန္ ခ႐ိုင္မ်ားသို႔ဦးတည္သြားေနၾကျခင္းျဖစ္ၿပီး ခရီးစဥ္စီစဥ္ ေပးသူမ်ားကို တေယာက္လွ်င္ ဘတ္ ၁၅၀၀၀ မွ ၁၈၀၀၀ အထိေပးရေၾကာင္းလည္းေျပာသည္။
သူတို႔ကို စစ္သားမ်ားက ဝိုင္းေနခ်ိန္တြင္ လမ္းျပျဖစ္သူက အေမွာင္ထဲထြက္ေျပးခဲ့သည္။
Ref : Myanmar border crossers arrested
#PeopleMedia
(unicode)
ခိုးဝင်သည့်မြန်မာနိုင်ငံသား ၂၁ ယောက်ကို ထိုင်းရဲဖမ်းဆီး
……………………………………..
ကန်ချနာဘူရီ၊ နိုဝင်ဘာ ၂၄
အင်္ဂါနေ့မနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ဆန်ခလာဘူရီနယ်စပ်ကိုတရားမဝင်ဖြတ်ကျော်ပြီး ရော်ဘာစိုက်ခင်းမှ တဆင့်ဝင်ရောက်လာသည့်မြန်မာနိုင်ငံသား ၂၁ ယောက်ကို ထိုင်းရဲက ဖမ်းဆီးခဲ့သည်။
အမျိုးသမီး ၁၁ ယောက်၊ အမျိုးသား ၉ ယောက်နှင့် ကလေးငယ် ၁ ယောက်တို့က မနက် ၄ နာရီခန့်တွင် ရော်ဘာခင်းကိုဖြတ်သွားရာ ဆူရာဆီးတပ်ဖွဲ့၏ကင်းလှည့်ရဲတပ်ဖွဲ့က သူတို့ကို တွေ့ရှိခဲ့သည်။
ဆန်ခလာဘူရီရဲစခန်းသို့ သူတို့ကိုခေါ်ဆောင်ခဲ့ပြီး တရားမဝင်ဝင်ရောက်မှု၊ ရောဂါထိန်းချုပ်မှုအက်ဥပဒေ ချိုးဖောက်မှုနှင့် နယ်စပ်ပိတ်ထားရန်ခရိုင်ရောဂါထိန်းချုပ်မှုကော်မတီ၏အမိန့်ချိုးဖောက်မှုတို့ဖြင့် တရားစွဲခံ ထားရသည်။
ရွှေ့ပြောင်းလာသူအချို့က ထိုင်းစကားပြောတတ်ပြီး မြန်မာနိုင်ငံနယ်စပ်မှဘန်ဘူးရင်ပြင်ရွာမှ မနက် ၃ နာရီတွင်ထွက်လာကာ ထိုင်းလမ်းပြတယောက်ဦးဆောင်မှုဖြင့် ဆန်ခလာဘူရီဘက်ကိုဝင်ရောက်ခဲ့ကြောင်း အာဏာပိုင်များကို သူတို့ကရှင်းပြသည်။
နခွန်ဖသွန်၊ ဆာမွန်ဆာခွန်နှင့် ဆာမွတ်ဆောင်ခရန် ခရိုင်များသို့ဦးတည်သွားနေကြခြင်းဖြစ်ပြီး ခရီးစဉ်စီစဉ် ပေးသူများကို တယောက်လျှင် ဘတ် ၁၅၀၀၀ မှ ၁၈၀၀၀ အထိပေးရကြောင်းလည်းပြောသည်။
သူတို့ကို စစ်သားများက ဝိုင်းနေချိန်တွင် လမ်းပြဖြစ်သူက အမှောင်ထဲထွက်ပြေးခဲ့သည်။
Ref : Myanmar border crossers arrested