ခုံတန်းလျားတွင် ထိုင်နေသည့် ရာအိမ်မှူးဟောင်းတစ်ဦး သေနတ်ပစ်ခတ်ခံရ
PUBLISHED - August 8, 2023
နေပြည်တော်၊ သြဂုတ် ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ အရှေ့အေးမြသာယာနယ်မြေအပိုင်၊ ထန်းပင်ကုန်းကျေးရွာ တွင် နေထိုင်သည့် ရာအိမ်မှူးဟောင်းတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
သြဂုတ်လ ၇ ရက် ညနေ ၄:၂ဝ အချိန်တွင် PDF များမှ ထန်းပင်ကုန်းကျေးရွာတွင် နေထိုင်သည့် ရာအိမ်မှူး ဟောင်းတစ်ဦး၏ နေအိမ်သို့ရောက်ရှိလာပြီး ထိုနေအိမ်ရှိ ခုံတန်းလျားတွင် ထိုင်နေသည့် ရာအိမ်မှူးဟောင်းကို PDF များမှ ပစ်ခတ်သွားကြောင်း သိရသည်။
ထိုပစ်ခတ်ခံရသည့် ရာအိမ်မှူး(ဟောင်း) အောင်မင်းခန့် (ခ) ဂျော့မှာ PDF များ၏ သေနတ်ဖြင့် ပစ်ခတ်မှု ကြောင့် သေဆုံးသွားပြီး၊ ယင်းဖြစ်စဉ်နှင့်အတူ အုတ်ဖိုမြို့ရှိ သရက်တောရွာတွင်နေသည့် ရာအိမ်မှူးတစ်ဦးကို PDF များမှနေအိမ်သို့ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားသည့်ဖြစ်စဉ်များလည်းရှိခဲ့သည်။
Photo – Credit
#PeopleMedia