• Follow Us on

Home ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ

ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ

Share this post

နေပြည်တော်၊ သြဂုတ် ၁၂

 

ခူမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်သည်။

 

ချင်ပြည်နယ်၊ ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်၊ အောင်စောင်လမ်း၊ အိမ်အမှတ် (၆) တွင် ပါတီရုံးချုပ်ဖွင့်လှစ် ထားရှိသော ခူမီးအမျိုးသားပါတီကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင် ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်းနှင့် ခူမီးအမျိုးသားပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၃၆) ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

 

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများ အသစ်ပြဋ္ဌာန်း ထုတ်ပြန်ပြီးနောက် ဥပဒေပုဒ်မ ၂၅ အရ ပြန်လည်လျှောက်ထားသည့် ပါတီ ၅၀ ပါတီနှင့် ပုဒ်မ ၃အရ အသစ်လျှောက်ထားသည့် ပါတီ ၁၃ ပါတီ ဖြစ်၍ စုစုပေါင်း ၆၃ ပါတီရှိပြီး၊ ယမန်နေ့အထိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၃၆ ပါတီရှိပြီဖြစ်ကြောင်း သိ ရသည်။

 

#PeopleMedia


Share this post