• Follow Us on

Home ခေတ်သစ်စစ်ပွဲမှာ အင်အားအတန်အသင့်ရှိတဲ့နိုင်ငံတွေနဲ့ သူပုန်တွေအတွက် ဒရုန်းတွေက အခွင့်အလမ်းတစ် ရပ်ဖြစ်လာ

ခေတ်သစ်စစ်ပွဲမှာ အင်အားအတန်အသင့်ရှိတဲ့နိုင်ငံတွေနဲ့ သူပုန်တွေအတွက် ဒရုန်းတွေက အခွင့်အလမ်းတစ် ရပ်ဖြစ်လာ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၉

 

ခေတ်သစ်စစ်ပွဲမှာ အရေးပါလာတဲ့ မောင်းသူမဲ့လေယာဉ်ခေါ် ဒရုန်းတွေပိုင်ဆိုင်မှုဟာ အတန်အသင့်အင်အားရှိ တဲ့နိုင်ငံတွေနဲ့ အစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ပြောင်းလဲမှုအခွင့်အ လမ်းတစ်ရပ်ကို ပိုင်ဆိုင်လာခြင်းဖြစ်တယ်လို့ The Defense မှာ ရေးသားထားပါတယ်။

 

ခေတ်မီလေတပ်တွေနဲ့ ခေတ်မီဂျက်တိုက်လေယာဉ်တွေပိုင်ဆိုင်ထားတဲ့နိုင်ငံတွေအတွက် ဒရုန်းတွေဟာ ပိုမိုအ ရေးပါတဲ့ အရန်လက်နက်အခန်းကဏ္ဍကိုနေရာယူထားပေမဲ့ အင်အားအတန်အသင့်ရှိတဲ့နိုင်ငံတွေနဲ့ လေတပ် အင်အားမရှိတဲ့သူပုန်တွေအတွက်တော့ ဈေးသက်သာပြီး ဝယ်ယူလွယ်ကူတဲ့ ဒရုန်းတွေဟာပိုမို အရေးပါလာပါ တယ်။

 

ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း အရှေ့အလယ်ပိုင်းဒေသက အင်အားအတန်အသင့်ရှိတဲ့နိုင်ငံတချို့ဟာ ၎င်းတို့ နိုင်ငံရဲ့ဒရုန်းလက်နက်တွေကို ပိုမိုတိုးချဲ့လာခဲ့ပါတယ်။

 

ဆော်ဒီအာရေးဗီးယား၊ အီဂျစ်နဲ့ ယူအေအီးတို့လို အာရပ်နိုင်ငံတွေက ဒရုန်းတွေပိုင်ဆိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်း နေချိန်မှာ တူရကီနဲ့ အီရန်တို့က ၎င်းတို့နိုင်ငံတွင်းမှာပဲ ဒရုန်းတွေကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြပြီဖြစ်ပါ တယ်။

 

အင်အားအတန်အသင့်ရှိတဲ့နိုင်ငံတွေအတွက် ဒရုန်းတွေဟာ တိုက်ခိုက်ရေးစွမ်းရည်ကိုသာမက ထောက်လှမ်း ရေး၊ စောင့်ကြည့်ထောက်လှမ်းရေး၊ ကင်းထောက်တာဝန်တွေကို အကုန်အကျသက်သက်သာသာနဲ့ ဆောင် ရွက်နိုင်အောင် ထောက်ပံ့ပေးပါတယ်။

 

ပဉ္စမမြောက်မျိုးဆက်ဂျက်တိုက်လေယာဉ်တွေ ဈေးနှုန်းခေါင်ခိုက်နေတဲ့အချိန်မှာ ဘတ်ဂျက်ကို ကျပ်ကျပ်တည်း တည်းချင့်ချိန်သုံးစွဲနေရတဲ့နိုင်ငံတွေအတွက် ဈေးသက်သာတဲ့ မောင်းသူမဲ့လေယာဉ်တွေကို လျစ်လျူရှုမ ထားနိုင်ပါဘူး။

 

တူရကီနိုင်ငံဟာ အရှေ့အလယ်ပိုင်းမှာ ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့နိုင်ငံဖြစ်ပါတယ်။ တူ ရကီဟာ ဒရုန်းတွေကြောင့် ဆီးရီးယားနဲ့ အီရတ်မှာရှိတဲ့ ပစ်မှတ်တွေကို တိုးချဲ့တိုက်ခိုက်နိုင်ခဲ့ပါတယ်။

 

တူရကီဒရုန်းတွေဟာ ပြည်ပပို့ကုန်အဖြစ် နာမည်ရနေတဲ့ဒရုန်းတွေဖြစ်ပြီး တူရကီထုတ် Baykar Bayraktar TB2 ဒရုန်းဟာ လစ်ဗျား၊ ယူကရိန်းနဲ့ နာဂါနို-ကရာဘက်ဒေသက တိုက်ပွဲတွေမှာ နာမည်ရခဲ့ပါတယ်။

 

အီရန်နိုင်ငံကို နိုင်ငံတကာစီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားလို့ ခေတ်မီဂျက်တိုက်လေယာဉ်တွေ မ ထုတ်လုပ်နိုင်ပေမဲ့ ပြည်တွင်းထုတ် ဒရုန်းတွေဟာ အီရန်လေကြောင်းစွမ်းရည်အတွက် မြှင်တင်ပေးနိုင်ပါတယ်။

 

အီရန်အစိုးရဟာ ဒေသတွင်း မဟာဗျူဟာမြောက်နောက်ဆက်တွဲအဖြစ် ဟစ်ဘိုလာအဖွဲ့၊ PMF အဖွဲ့နဲ့ ဟူသီ သူပုန်အဖွဲ့တို့လို ကြားခံအဖွဲ့တွေကိုလည်း ၎င်းတို့ရဲ့ပြည်တွင်းထုတ် Shahed 136 ဒရုန်းတွေတပ်ဆင်ပေးထား ပါတယ်။

 

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ဟူသီသူပုန်တွေဟာ ယူအေအီးနိုင်ငံထဲကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ အပျက်အစီး မဆိုစလောက်အနည်းငယ်သာရှိခဲ့ပေမဲ့ ယူအေအီးနိုင်ငံရဲ့လုံခြုံရေးကို ဟူသီသူပုန်တွေက ခြိမ်းခြောက်နိုင်စွမ်းမ ရှိဘူးဆိုတဲ့ အယူအဆဟောင်းကိုတော့ ဆွဲကိုင်လှုပ်ရမ်းနိုင်ခဲ့ပါတယ်။

 

တူရကီနဲ့ အီရန်ဟာ ဒရုန်းတင်သင်္ဘောတွေကိုလည်း တည်ဆောက်ထားတယ်လို့ဆိုပါတယ်။ တူရကီနိုင်ငံကို အမေရိကန်က F-35 တည်ဆောက်ရေးစီမံကိန်းကနေ ပယ်ထုတ်လိုက်တဲ့အချိန်မှာ တူရကီက ၎င်းတို့နိုင်ငံက TCG Anadolu အပေါ့စားလေယာဉ်နဲ့ ဒရုန်းတင်သင်္ဘော တည်ဆောက်နေတာကို ထုတ်ဖော်ပြသခဲ့ပါတယ်။

 

အလားတူပဲ အီရန်နိုင်ငံကလည်း ကုန်တင်သင်္ဘောနှစ်စီးကို ဒရုန်းတင်သင်္ဘောတွေအဖြစ် အသွင်ပြောင်းတည် ဆောက်နေတယ်လို့ ဆိုပါတယ်။

 

သမရိုးကျလေယာဉ်တင်သင်္ဘောတွေလိုပဲ ဒရုန်းတင်သင်္ဘောတွေဟာလည်း ခရီးဝေးချီတက်ထိုးဖောက်ပြီး တိုက်ခိုက်နိုင်တဲ့စွမ်းရည်ကို ပေးနိုင်ပါတယ်။

 

စစ်သွေးကြတွေ၊ သူပုန်အုပ်စုတွေ၊ အကြမ်းဖက်သမားတွေ၊ ကြေးစားစစ်တပ်တွေနဲ့ နောက်ဆုံး ရာဇဝတ်မှုကျူး လွန်တဲ့ဂိုဏ်းတွေအတွက်လည်း ဒရုန်းတွေဟာ အရင်မလုပ်နိုင်ခဲ့တဲ့အလုပ်တွေကို စွမ်းဆောင်နိုင်အောင် အ ထောက်အကူပေးနေပါတယ်။

 

အဲဒီသူပုန်အုပ်စုအမျိုးမျိုးဟာ စစ်သုံးဒရုန်းတွေရော အရပ်ဘက်ဒရုန်းတွေကို အသွင်ပြောင်းပြီးတော့ရော နှစ်မျိုး စလုံးကို အသုံးပြုနိုင်တဲ့အခွင့်အလမ်းတွေရနေပါတယ်။

 

မကြာသေးခင်က အောက်တိုဘာလ ၇ ရက်နေ့တိုက်ပွဲမှာ ဟားမတ်စ်စစ်သွေးကြွတွေ အစ္စရေးကိုတိုက်ခိုက်ရာ မှာ ဒရုန်းတွေကို အသုံးပြုခဲ့ပါတယ်။

 

ဟားမတ်စ်အဖွဲ့ဟာ Shehab ဒရုန်းတွေအပါအဝင် ဒရုန်းအမျိုးအစား အ များအပြားကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

 

ဟားမတ်စ်အဖွဲ့က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ အဲဒီ Shehab ဒရုန်းဟာ ၃၀ ကီလိုဂရမ် (၆၆ ပေါင်) အလေးချိန် ရှိတဲ့ ဒုံးကျည်ထိပ်ဖူးကိုသယ်ဆောင်နိုင်ပြီး ကီလိုမီတာ ၂၅၀ (၁၅၅ မိုင်) အကွာအဝေးအထိ စစ်ဆင်တိုက်ခိုက် နိုင်တယ်လို့ ဆိုပါတယ်။

 

အလားတူပဲ ၂၀၁၉ ခုနှစ်ကလည်း ပါလက်စတိုင်း အစ္စလာမ်မစ်ဂျီဟတ်အဖွဲ့က အစ္စရေးစစ်တပ်ကို ဒရုန်းနဲ့တိုက် ခိုက်ခဲ့တာကို ဗီဒီယိုဖိုင်တစ်ခုထုတ်ဖော်ပြသခဲ့ပါတယ်။

 

အဲဒီဒရုန်းဟာ အစ္စရေးတင့်ကားတစ်စီးကို လက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ အပျက်အစီးမရှိခဲ့ဘူးလို့ဆိုပါတယ်။ ၂၀၁၀ ပြည့်လွန်နှစ် အလယ်ပိုင်းကာလမှာတော့ အစ္စလာမ်မစ်နိုင်ငံတော်ခေါ် အိုင်အက်စ်အဖွဲ့ဟာ “မူဂျာဟစ်ဒင် မောင်းသူမဲ့လေတပ်” လို့ အမည်ပေးထားတဲ့ ဒရုန်းတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

 

အိုင်အက်စ်အကြမ်းဖက်သမားတွေဟာ ဒရုန်းတွေကို ကင်းထောက်တာဝန်တွေ၊ စောင့်ကြည့်ထောက်လှမ်းရေး တာဝန်တွေမှာသာမက တိုက်ခိုက်ရေးတာဝန်တွေမှာပါ အသုံးပြုကြခဲ့ကြပါတယ်။

 

ဒရုန်းတွေကို လက်တင်အမေရိကမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း အသုံးပြုခဲ့ကြပါတယ်။

 

၂၀၁၈ ခုနှစ်သြဂုတ်လက ဗင်နီဇွဲလားစစ်ဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ဟာ လက်လုပ်ဗုံးတွေတပ်ဆင်ထားတဲ့အရပ် ဘက်ဒရုန်းတွေကိုအသုံးပြုပြီး သမ္မတနစ်ကိုးလ်မာဒူရိုကို လုပ်ကြံဖို့ကြိုးစားခဲ့ကြပါတယ်။

 

မက္ကဆီကိုနိုင်ငံမှာလည်း ရာဇဝတ်ဂိုဏ်းတွေဟာ ဒရုန်းတွေကို အသုံးပြုလာခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မတိုင်ခင် က မက္ကဆီကိုနိုင်ငံမှာ ဒရုန်းတိုက်ခိုက်မှုတွေ မကြားဖူးခဲ့ပေမဲ့ ၂၀၂၃ ခုနှစ် ပထမရှစ်လအတွင်း နိုင်ငံတွင်းမှာ ဒ ရုန်းတိုက်ခိုက်မှုပေါင်း အကြိမ် ၂၆၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အီရန်လိုနိုင်ငံမျိုးတွေကတော့ နိုင်ငံတကာအရေးယူပိတ်ဆို့မှုတွေနဲ့ ဘတ်ဂျက်အကန့်အသတ်နဲ့သုံးစွဲနေရတာမို့ ဒရုန်းထုတ်လုပ်ပိုင်ဆိုင်မှုမှာ အကန့်အသတ်တွေရှိပေမဲ့ တူရကီလိုအင်အားအတန်အသင့်ရှိတဲ့နိုင်ငံမျိုးကတော့ ၎င်းတို့လေတပ်အတွက် ဒရုန်းတွေကို အပြည့်အဝထုတ်လုပ်ပိုင်ဆိုင်နိုင်တယ်လို့ ဆိုပါတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် အစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ သူပုန်တွေအတွက်ကတော့ မဟာဗျူဟာ မြောက်အဆင့်မှာ ဒရုန်းတွေပိုင်ဆိုင်ရေးဟာ ပိုမိုအရေးပါလာပြီဖြစ်ပါတယ်။

 

Ref: How Drones Are Leveling the Playing Field for Middle Powers

 

#PeopleMedia


Share this post