• Follow Us on
Latest News

Home ခေတ်သစ်ပြည်သူ့ပါတီနှင့် လေဘာပါတီတို့ကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု

ခေတ်သစ်ပြည်သူ့ပါတီနှင့် လေဘာပါတီတို့ကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြု

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၁

 

ခေတ်သစ်ပြည်သူ့ပါတီ(Modern People Party) နှင့် လေဘာပါတီ (Labour Party)တို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာသည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ၅ ရပ်ကွက်၊ အောင်သုခလမ်း၊ တိုက် (၁၀၀၊ ၁၀၁)၊ အခန်း (၁၀၁) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော ခေတ်သစ်ပြည်သူ့ပါတီ (Modern People Party)ကို ၂၀၂၃ ခုနှစ် နိုဝင် ဘာလ ၂၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာထားသည်။

 

ခေတ်သစ်ပြည်သူ့ပါတီ (Modern People Party) ၏ မှတ်ပုံတင်အမှတ်မှာ (၄၁) ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် (၁)ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းနှင့် ဘဏ်လမ်းထောင့်၊ အမှတ် (၃၃၊ ၄၉)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော လေဘာပါတီ (Labour Party)ကို ၂၀၂၃ ခုနှစ် နိုဝင် ဘာလ ၂၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာထားသည်။

 

လေဘာပါတီ (Labour Party) ၏ မှတ်ပုံတင်အမှတ်မှာ (၄၂) ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post