ချင်းပြည်နယ်မြောက်ပိုင်းက Zo Land PDF အဖွဲ့ခေါင်းဆောင်ကို ဇိုမီးတော်လှန်ရေးအဖွဲ့က သေနတ်ဖြင့် လုပ် ကြံခဲ့
PUBLISHED - December 6, 2021
တီးတိန်၊ ဒီဇင်ဘာ ၆ (People Media)
ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းခရိုင်၊ တီးတိန်မြို့၊ စကောလမ်းရပ်ကွက်မှာနေထိုင်တဲ့ Zo Land PDF အဖွဲ့ခေါင်းဆောင် ဦးကျင်ရှန်ဆုမ်သည် ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက အစ်မတော်စပ်သူ နေအိမ်၌ တိမ်းရှောင်နေစဉ် မီဇိုးတော်လှန်ရေး တပ်ဖွဲ့ဝင် နှစ်ယောက်က သေနတ်ဖြင့် လာရောက်လုပ်ကြံ သတ် ဖြတ်ခဲ့ပါတယ်။
အဆိုပါ လုပ်ကြံခံရသည့်ဖြစ်စဉ်အပေါ် ” Zo land PDF ဦးဆောင်သူ ကျင်ရှန်းဆုမ်း အခုလို လုပ်ကြံမရခင် ၁ ရက်အလိုမှာ ဇိုမီးတော်လှန်ရေးတပ်(Zomi Revolutionary Army ZRA) ဘက်ကနေ သူတို့ဆီကို လာခဲ့ဖို့ ကျင်ရှန်ဆုမ်ကို ဖုန်းဆက်ခေါ်တာတွေ ရှိခဲ့တယ်။ အဲ့ဒီ ခေါ်ဆိုမှုကို ငြင်းဆန်ပြီးနောက် သူလုပ်ကြံခံရတာ” လို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
လုပ်ကြံခံရမှုအပေါ် ကျင်ရှန်းဆုမ်ရဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက “အခုသတ်ခံလိုက်ရတဲ့ ပါးဆုမ်ဟာ ကျန်းမာရေးမကောင်းဘူး။ ဂေါက်ရောဂါရှိတယ်။ ZRA ခေါင်းဆောင်ခေါ်တာ နေမကောင်းတဲ့အတွက် မလာနိုင်ဘူး ပြောတာကြောင့် ZRA က လူ ၂ ယောက်က လာပြီး သေနတ်နဲ့ ပစ်သတ်သွားတာ” လို့ ပြောပါတယ်။
အခု သေဆုံးသူ ဦးကျင်ရှန်းဆုမ်းဆိုသူသည် ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်၊ တွန်းဇံ၊ ကျီခါး မြို့ နယ်ဘက်က လူငယ်အများစုနဲ့ စုဖွဲ့ထားတဲ့ Zo Land PDF ကို ဦးဆောင်သူတစ်ယောက်ဖြစ်တယ်လို့ ချင်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေက ပြောပါတယ်။
အလားတူ ယခင်က Zo Land PDF နဲ့ Hualngo PDF အဖွဲ့တွေ အခြေပြုနေထိုင်ရာစခန်းတွေကို အိန္ဒိယ- မြန်မာနယ်စပ်မှာရှိတဲ့ ZRA အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
သွန်းသွန်း
Photo – ဦးကျင်ရှန်းဆုမ်ရဲ့
#PeopleMedia #ဦးကျင်ရှန်းဆုမ်း
(unicode)
…………………………………………………………