ချမ်းသာသောနိုင်ငံများ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကုမ္ပဏီများနှင့် ၂ ဖက်ညှိနှိုင်းဝယ်ယူမှုများမလုပ်ရန် WHO အသိပေး
PUBLISHED - January 9, 2021
ဂျီနီဗာ၊ ဇန်နဝါရီ ၉
ဝင်ငွေနည်းနှင့်ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများထံ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများမရောက်သေး ကြောင်းနှင့် ထုတ်လုပ်သည့်ကုမ္ပဏီများနှင့် ၂ ဖက်သဘောတူညီများဖြင့်ဝယ်ယူချက်များမလုပ်ရန် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီရီးဆက်စ်က သောကြာနေ့တွင် ပြောသည်။
ချမ်းသာသောနိုင်ငံများက ဆေးဝါးထောက်ပံ့မှုအများစုရရှိထားကြောင်း ကာကွယ်ဆေးဆိုင်ရာအမျိုးသားရေး လုပ်ရပ်များအပေါ် အပြင်းထန်ဆုံးမှတ်ချက်အနေဖြင့် ဝေဖန်ခြင်းဖြစ်သည်။
အခြားနိုင်ငံများ ကာကွယ်ဆေးမရနိုင်ချိန်တွင် မည်သည့်နိုင်ငံမှခြွင်းချက်ဖြစ်နေသည်မဟုတ်ဘဲ ကာကွယ်ဆေး စောင့်နေသည့်လူတန်းကိုဖြတ်တောက်ကာ နိုင်ငံတနိုင်ငံ၏နိုင်ငံသားအားလုံးကို ကာကွယ်ဆေးမထိုးပေးသင့် ကြောင်းလည်း သူကပြောသည်။
မည်သည့်နိုင်ငံဟု တက်ဒရို့စ်ကနာမည်တပ်မပြောသော်လည်း ဖိုင်ဇာ/ဘိုင်ယွန်းတက်ခ်ကာကွယ်ဆေးသန်း ၃၀၀ ထပ်မံဝယ်ယူထားကြောင်း ဥရောပသမဂ္ဂကပြောထားပြီး ထိုပမာဏသည် ၂၀၂၁ ခုနှစ်အတွက် ထိုလုပ်ငန်းက ကမ္ဘာတဝန်းကိုထောက်ပံ့ပေးနိုင်မည့်ပမာဏ၏တဝက်နီးပါးဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများစတင်တွေ့ရှိခဲ့ပြီးနောက် သောကြာနေ့အထိ ကမ္ဘာတဝန်းကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၈၈ သန်းနီးပါးရှိနေပြီး သေဆုံးသူ ၁.၉ သန်းရှိနေသည်။
Ref : WHO tells rich countries: Stop cutting the COVID-19 vaccine queue
#PeopleMedia
(unicode)
……………………………………………
Ref : WHO tells rich countries: Stop cutting the COVID-19 vaccine queue
#PeopleMedia