• Follow Us on
Latest News

Home ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သည့် အမျိုးသား ပစ်ခတ်ခံရ၍ သေဆုံး

ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်ဝယ်ရောင်းလုပ်ကိုင်သည့် အမျိုးသား ပစ်ခတ်ခံရ၍ သေဆုံး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် ယမန်နေ့နံနက် နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်ခန့်က ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသည့် အမျိုးသား (၁) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

 

ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသည့် ဦးသန့်ဇင် ၂၉ နှစ်သည် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာ ရပ်ကွက်၊ ၅၈(ဘီ)လမ်း၊ ၁၁၀ လမ်းနှင့် ၁၁၁ လမ်းကြားရှိ MTZ ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်၌ရှိနေစဉ် ဆိုင်ကယ်တစ်စီးဖြင့် PDF ၂ ဦး ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကိုသန့်ဇင်၏ ရင်ဘတ်တွင် ထိမှန်ဒဏ်ရာရရှိပြီး နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………………

 


 


 


 

#PeopleMedia


Share this post