ချီလီ၊ မက္ကဆီကိုနှင့် ကော်စတာရီကာတို့တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးစတင်ထိုးပေး
PUBLISHED - December 25, 2020
မက္ကဆီကို၊ ဒီဇင်ဘာ ၂၅
ကြာသပတေးနေ့တွင် မက္ကဆီကိုနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအစီအစဉ်စတင်ပြီးနောက် သူနာပြုဆရာမတယောက်သည် လက်တင်အမေရိကတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမဆုံးထိုးခံရသူဖြစ်လာသည်။
မက္ကဆီကိုနိုင်ငံသို့ ဖိုင်ဇာ/ဘိုင်ယွန်းတက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၃၀၀၀ ကနဦးအနေဖြင့်ရောက်ရှိလာသည်။
မက္ကဆီကိုသည် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် သေဆုံးမှုအများဆုံးနိုင်ငံများထဲတွင် အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယတို့နောက်တွင်ရှိနေသည်။
ကြာသပတေးနေ့တွင်ပင် ချီလီနှင့် ကော်စတာရီကာနိုင်ငံတို့ကလည်း ဖိုင်ဇာ/ဘိုင်ယွန်းတက်ခ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများကို စတင်ခွင့်ပြုလိုက်သည်။
မကြာမီရက်ပိုင်းအတွင်း အာဂျင်တီးနားနိုင်ငံတွင်လည်း ရုရှားနိုင်ငံမှကာကွယ်ဆေးစပွတ်ညစ်-၅ ကိုစတင်ထိုးပေးမည်ဖြစ်ပြီး ကြာသပတေးနေ့မနက်ပိုင်းတွင် မြို့တော်ဘွေနိုအေရိစ်သို့ ကာကွယ်ဆေး ၃ သိန်းရောက်ရှိလာသည်။
ဒေသတွင်းကူးစက်မှုအများဆုံးနိုင်ငံဘရာဇီးတွင် မကြာသေးမီက ကူးစက်မှုများထပ်မံမြင့်တက်နေသော်လည်း ဖေဖော်ဝါရီလလယ်အထိ ကာကွယ်ဆေးထိုးနိုင်ဦးမည်မဟုတ်ချေ။
ကာကွယ်ဆေးထိုးရန်စီစဉ်ထားခြင်းမရှိဟု ဘရာဇီးသမ္မတ ဂျား ဘော်ဆိုနာရိုကပြောသည်။
မကြာသေးမီကကူးစက်ခံခဲ့ရသည့် မစ္စတာ ဘော်ဆိုနာရိုက သူ့တွင် ကိုရိုနာဗိုင်းရပ်စ်အပေါ်ခုခံအားရရှိနေကြောင်းလည်းပြောသည်။
Ref : Covid: Mexico, Chile and Costa Rica begin mass vaccination
(unicode)
…………………………….
မက်ကဆီကို၊ ဒီဇငျဘာ ၂၅
Ref : Covid: Mexico, Chile and Costa Rica begin mass vaccination