• Follow Us on

Home ချက်ချင်း အပစ်မရပ်ပါက အကျိုးဆက်ကို တာဝန်ယူရမယ်လို့ တရုတ်အစိုးရမှ TNLA ကို ပြင်းပြင်းထန်ထန် သတိပေး

ချက်ချင်း အပစ်မရပ်ပါက အကျိုးဆက်ကို တာဝန်ယူရမယ်လို့ တရုတ်အစိုးရမှ TNLA ကို ပြင်းပြင်းထန်ထန် သတိပေး

Share this post

နေပြည်တော်၊ ဩဂုတ် ၃၀

 

TNLA အနေနဲ့ ချက်ချင်းရပ်ရမည်ဖြစ်ပြီး အပစ်မရပ်ပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို တာဝန်ယူရမည်ဟု တရုတ်အစိုးရမှ ဩဂုတ်လ (၂၉)ရက် ရက်စွဲဖြင့် စာထုတ်ကာ ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

 

တအာင်းစစ်သွေးကြွ TNLA ဘက်က တိုက်ပွဲများကို ချက်ချင်း အပစ်ရပ်ကာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တရုတ်-မြန်မာ နယ်စပ်ဒေသ တွေမှာ အေးချမ်းတည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း အဆိုပါ စာတွင် ဖော်ပြထားသည်။

 

TNLA အနေဖြင့် လက်ရှိဖြစ်ပွါးနေသည့် အခြေအနေများကို ရှင်းရှင်းလင်းလင်း နားလည်ပြီး တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းရေး မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်ကာ ကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းရန်အတွက် မှန်ကန်သည့် လမ်းကြောင်းကို အမြန်ဆုံးပြန်လာရန် မျှော်လင့်ကြောင်းနှင့် တရုတ်ဘက်မှ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကူညီပြီး တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွါးများကို ရရှိစေရန်၊ ကျန်းမာစွာ နေထိုင်ဖွံ့ဖြိုးရေး အကောင်အထည်ဆောင်ရန် ကူညီပေးမည်ဖြစ်ကြောင်း တရုတ်အစိုးရက အသိပေးထားသည်။

 

ယင်းအပြင် တအောင်းစစ်သွေးကြွများအနေဖြင့် တရုတ်နယ်စပ်ဒေသရှိ အရပ်သူ၊ အရပ်သားများနှင့် မြန်မာနိုင်ငံရှိ တရုတ်ပြည်သား၊ လုပ်ငန်းများနှင့် သက်ဆိုင်သည့် လုံခြုံမှုများကို အာမခံပေးရန်၊ တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရုတ်နိုင်ငံသားများ၏ အသက်၊ ပစ္စည်းဥစ္စာ လုံခြုံရေးကို ထိခိုက်စေပြီး အန္တရာယ်ရှိသည့် စစ်ရေးအပြုအမူကို ပပျောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်က သတိပေးထုတ်ပြန်ထားသည်။

 

ယင်းသို့ မဆောင်ရွက်ပါက တရုတ်ဘက်မှ ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်သည့် နည်းလမ်းများကို ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို TNLA အနေဖြင့် တာဝန်ယူရမည်ဟု  ခြိမ်းခြောက်ထားသည်။

 

#PeopleMedia


Share this post