• Follow Us on

Home ချင်းနှင့် မကွေးတိုက်ပွဲများတွင် CDF – မင်းတပ်မှ စစ်ကြောင်းမှူးအပါအဝင် ၄ ဦး သေဆုံး၊ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်

ချင်းနှင့် မကွေးတိုက်ပွဲများတွင် CDF – မင်းတပ်မှ စစ်ကြောင်းမှူးအပါအဝင် ၄ ဦး သေဆုံး၊ ၁၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၈

 

ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဒီဇင်ဘာလ ၄ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်အတွင်း တိုက်ပွဲများ တွင် စစ်ကြောင်းမှူး အပါအဝင် ၄ ဦး သေဆုံးခဲ့ရပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း CDF – မင်းတပ်မှ သိရသည်။

 

ဒီဇင်ဘာလ ၄ ရက် ၁၂ ရက်အထိ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာတိုက်ပွဲတွင် CDF မင်း တပ်မှ အဖွဲ့ဝင် ၂ ဦး သေဆုံး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ဒီဇင်ဘာလ ၁၈ ရက်က မတူပီမြို့နယ်၊ ထယ်ဘွေး တိုက်ပွဲတွင် CDF – မင်းတပ်မှ အဖွဲ့ဝင် ၁ ဦးသေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် ဒီဇင်ဘာလ ၂၂ ရက်က မကွေးတိုင်း၊ ဂန့်ဂေါ- ထီးလင်းကြားရှိ မြစ်သာမြစ်ဆည်စခန်းတိုက်ပွဲတွင် CDF – မင်းတပ်၏ စစ်ကြောင်းမှူးဆိုသူ ဆလိုင်းတမ်လန်း သေဆုံးခဲ့ပြီး၊ အဖွဲ့ဝင် ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post