• Follow Us on

Home ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဟမွန်း၏ အဝန်း အဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် ဟမွန်း၏ သက်ရောက်မှုကိုခံစားရနိုင်

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းဟမွန်း၏ အဝန်း အဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် ဟမွန်း၏ သက်ရောက်မှုကိုခံစားရနိုင်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၅

 

ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း  “ဟမွန်း” (HAMOON)၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း “ဟမွန်း”(HAMOON) ၏ သက်ရောက်မှုကို ခံစားရနိုင်ကြောင်း အောက်တိုဘာလ ၂၄ ရက်နေ့  ည ၁၀ နာရီ ၃၀ အချိန်က မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

 

ယမန်နေ့မြန်မာစံတော်ချိန် ည ၉ နာရီ ၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့ မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ် ပေါ်နေသော အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဟမွန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျား ခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ အားလျော့သွားခဲ့ကာ မြန်မာနိုင်ငံ၊ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် (၁၂၅)မိုင်ခန့်၊ မောင်တောမြို့၏ အနောက်ဘက် ရေမိုင် (၈၅)မိုင်ခန့်၊ ပလက်ဝမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၁၂၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၁၉၀)မိုင်ခန့်၊ ဘင်္ဂလားဒေရှ့် နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၇၅) မိုင်ခန့်နှင့် စစ်တကောင်းမြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် (၁၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ထုတ်ပြန်ထားသည်။

 

ဟမွန်း၏ လက်ရှိအခြေ အနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါ ရောင်အဆင့်ဟု သတ်မှတ်သော်လည်း မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း  ဟမွန်း၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နေပါသဖြင့် အား ကောင်းသောဆိုင်ကလုန်းမုန်တိုင်းဟမွန်း၏ သက်ရောက်မှုကို ခံစားရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ ဟမွန်းသည် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် (၁၂)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း ဟမွန်းအဖြစ်သို့ အားလျော့သွားနိုင်ကာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့ တောင်ဘက်အနီးမှ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ဖြင့် ဖြတ်ကျော်နိုင်ပြီး ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ် ပြန်ထားသည်။

 

ဟမွန်း၏ အရှိန်ကြောင့် ယမန်နေ့ ညမှ အောက်တိုဘာလ ၂၆ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀) ပေမှ (၁၃)ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်ပါ၍ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဟမွန်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြ သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်း ငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြုနေထိုင်ကြရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်း လွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန် အသိပေးနှိုးဆော်အပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထား သည်။

 

#PeopleMedia


Share this post