• Follow Us on
Latest News

Home ချင်းမိုင်မြို့ဟာ အာဆီယံရဲ့ ဒစ်ဂျစ်တယ်ဗဟိုချက်မ ဖြစ်လာနိုင်ကြောင်း ဆရက်ထာပြော

ချင်းမိုင်မြို့ဟာ အာဆီယံရဲ့ ဒစ်ဂျစ်တယ်ဗဟိုချက်မ ဖြစ်လာနိုင်ကြောင်း ဆရက်ထာပြော

Share this post

နိုင်ငံတကာ၊ ဇွန် ၁၀

 

ချင်းမိုင်ပြည်နယ်၊ ချင်းမိုင်မြို့ဟာ အရှေ့တောင်အာရှမှာ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းရဲ့ ဗဟိုချက်မဖြစ်လာဖို့ အလားအလာရှိတဲ့အတွက် အစိုးရအနေနဲ့ အဲဒီရည်မှန်းချက် ပြည့်ဝအောင်အကောင်အထည်ဖော်နိုင်ဖို့ ချင်းမိုင် ပြည်နယ်ကို ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က စနေနေ့ကသွားရောက် ခဲ့တဲ့ မြောက်ပိုင်းပြည်နယ်ခရီးစဉ်မှာ ပြောကြားလိုက်ပါတယ်။

 

ချင်းမိုင်မြို့ဟာ ကမ္ဘာလှည့်ဒစ်ဂျစ်တယ်ပညာရှင်တွေရဲ့သုခဘုံနေရာတစ်ခုဖြစ်သလို ကမ္ဘာ့အကောင်းဆုံး တီ ထွင်ဖန်တီးမှုတွေရှိတဲ့မြို့တွေထဲက မြို့တစ်မြို့ဖြစ်ကြောင်း မစ္စတာဆရက်ထာက ပြောပါတယ်။

 

“ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က Apple ကုမ္ပဏီရဲ့ CEO တမ်ကွတ်က ကျွန်တော့်ကို ပြောခဲ့ဖူးတယ်။ ထိုင်းနိုင်ငံ ဟာ ကမ္ဘာတစ်ဝန်းက အပလီကေးရှင်းထုတ်လုပ်သူပေါင်း ၃၀၀,၀၀၀ ကျော် လာရောက်အခြေချနေထိုင်တဲ့ နေ ရာဖြစ်တယ်။ ဒါဟာ အရှေ့တောင်အာရှမှာ ဒုတိယအကြီးမားဆုံးနေရာပဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။” လို့ ဆရက်ထာက ပြောပါတယ်။

 

ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ နိုင်ငံတကာဒစ်ဂျစ်တယ်ပညာရှင် ၅၀၀၀ ဟာ ချင်းမိုင်ပြည်နယ်မှာ အလုပ်လုပ်နေကြ တဲ့အတွက် ချင်းမိုင်ပြည်နယ်ဟာ ကမ္ဘာလှည့်ဒစ်ဂျစ်တယ်ပညာရှင်တွေအလုပ်လုပ်နေတဲ့ ကမ္ဘာ့ထိပ်တန်းနေရာ ၁၀ ခုမှာလည်း အပါအဝင်ဖြစ်ကြောင်း ဆရက်ထာက ပြောပါတယ်။

 

ထိုင်းနိုင်ငံထဲမှာ မွေထိုင်းလက်ဝှေ့သင်ကြားမယ့်သူတွေနဲ့ ထိုင်းအစားအစာချက်ပြုတ်နည်းသင်ကြားမယ့်သူတွေ အပြင် ကမ္ဘာလှည့်ဒစ်ဂျစ်တယ်ပညာရှင်တွေ၊ အဝေးရောက်လုပ်သားတွေနဲ့ အလွတ်တန်းအလုပ်လုပ်ကိုင်သူ တွေအတွက် ထိုင်းဗီဇာသစ်အပါအဝင် ဗီဇာစည်းမျဉ်းစည်းကမ်းပြောင်းလဲမှုတွေကို အခုသီတင်းပတ်အတွင်း အစိုးရအဖွဲ့က ခွင့်ပြုလိုက်ပါတယ်။

 

လုပ်ငန်းစုံလုပ်ကိုင်သူတွေအတွက် ဗီဇာကို ငါးနှစ်အထိ ခွင့်ပြုမှာဖြစ်သလို နောက်ထပ်ရက်ပေါင်း ၁၈၀ ထပ်မံ သက်တမ်းတိုးတဲ့အချိန်မှာလည်း အဲဒီဗီဇာကို ရက်ပေါင်း ၁၈၀ ဆက်လက်ခွင့်ပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

 

အရင်ကတော့ ကမ္ဘာလှည့်ဒစ်ဂျစ်တယ်ပညာရှင်တွေဟာ ထိုင်းနိုင်ငံထဲမှာ ရက်ပေါင်း ၆၀ သာ အလုပ်လုပ်ကိုင် ခွင့်ရရှိပြီး ရက်ပေါင်း ၆၀ ပြည့်တာနဲ့ နိုင်ငံထဲကထွက်ခွာသွားပြီး ဗီဇာပြန်လျှောက်ရပါတယ်။

 

နိုင်ငံ့လုပ်သားအင်အားစုကြီးရဲ့ ဒစ်ဂျစ်တယ်ပညာနဲ့ ကျွမ်းကျင်မှုတွေကို မြှင့်တင်သွားဖို့ အစိုးရက ဆုံးဖြတ်ထား တဲ့အတွက် ချင်းမိုင်မြို့မှာ Apple ကုမ္ပဏီရဲ့ ဒစ်ဂျစ်တယ်အပလီကေးရှင်းထုတ်လုပ်မှုအကယ်ဒမီတစ်ခု တည် ထောင်တာကို မြင်လိုကြောင်း ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

ဒဏ်ဂျစ်တယ်ကုမ္ပဏီတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူပြုရာမှာ ဂေဟစနစ်ကို မြှင့်တင်ဖို့ အဲဒီအဖွဲ့ အစည်းတွေအတွက် အချိုးကျရန်ပုံငွေတွေ ပိုမိုရှာဖွေပြီး ကုမ္ပဏီသစ်တွေနဲ့ လက်ရှိကုမ္ပဏီတွေကို ခွဲဝေ ထောက်ပံ့ဖို့အတွက် ဆုံးဖြတ်ထားသလို ဆော့ဖ်ဝဲလ်ပရိုဂမ်အသစ်တွေရေးဆွဲတဲ့ ပွဲတွေလို အခမ်းအနား တွေပြုလုပ်နိုင်ဖို့အတွက်လည်း ဥပဒေတွေကို ပြန်လည်ပြင်ဆင်သွားမှာဖြစ်ကြောင်း ဆရက်ထာကပြောပါတယ်။

 

Ref: PM: Chiang Mai could be digital hub

 

#PeopleMedia


Share this post