ချင်းမြစ်တွင်းအတွင်း ကုန်ပစ္စည်းများတင်ဆောင်လာသည့် ရေယာဉ် ၁ စီး နစ်မြှုပ်မှုဖြစ်ပွားပြီး လူ ၁၂ ဦး ပျောက်ဆုံးနေ

PUBLISHED - September 21, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မှ ကုန်ပစ္စည်းများ တင်ဆောင်၍ ချင်းတွင်းမြစ်ကြောင်းအတိုင်း မောင်းနှင်လာ သည့် ရေယာဉ်များအနက် ကြယ်မင်း (၄) ရေယာဉ်သည် စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့် တွင် မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာအနီးသို့အရောက်၌ ရေဝဲအတွင်းသို့ ရောက်ရှိကာ နစ်မြှုပ်သွားခဲ့ ကြောင်း သိရသည်။
အဆိုပါရေယာဉ်နစ်မြှုပ်တိမ်းမှောက်မှုကြောင့် ကုမ္ပဏီဝန်ထမ်း ၃ ဦးနှင့် အရပ်သူ အရပ်သား ၆ ဦး၊ လုံခြုံရေး လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦးတို့ မျောပါပျောက်ဆုံးခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Photo – ချင်းမြစ်တွင်းရေယာဉ်တစ်စင်းအားတွေ့ရစဉ်
#PeopleMedia