• Follow Us on
Latest News

Home ချင်း PDF အဖွဲ့တွေ လနဲ့ချီ သိမ်းပိုက်ထားသည့် သိုင်းငင်းစခန်းနှင့် ကနေဒီတောင်ကို တပ်မတော် ပြန်လည် သိမ်းပိုက်ပြီးနောက် ဆက်လက်နယ်မြေရှင်းလင်းနေ

ချင်း PDF အဖွဲ့တွေ လနဲ့ချီ သိမ်းပိုက်ထားသည့် သိုင်းငင်းစခန်းနှင့် ကနေဒီတောင်ကို တပ်မတော် ပြန်လည် သိမ်းပိုက်ပြီးနောက် ဆက်လက်နယ်မြေရှင်းလင်းနေ

Share this post

နေပြည်တော်၊ ဇွန် ၂၂

 

ချင်းပြည်နယ်၊ တီးတိန်မြို့နှင့် ကလေးမြို့ကြားရှိ ချင်း PDF ပူးပေါင်းအဖွဲ့တွေ လနဲ့ချီ သိမ်းပိုက်ထားသည့် သိုင်းငင်းစခန်းနှင့် ကနေဒီတောင်ကို တပ်မတော်က ဇွန်လ (၂၀) ရက်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဆက်လက်နယ်မြေရှင်းလင်းနေကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဇွန်လ (၁၆)ရက်မှ စတင်ပြီး တီးတိန်မြို့မှ စစ်ကြောင်းထိုးကာ ချင်း PDF အဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက် ဇွန်လ (၁၈)ရက်တွင် ကနေဒီတောင်စခန်းကို ပြန်လည်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။

 

ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဇွန်လ (၂၀)ရက်တွင် ကနေဒီတောင်စခန်းမှတဆင့် ချင်း PDF အဖွဲ့များ သိမ်းပိုက်ထားသည့် သိုင်းငင်းစခန်းကို ဆက်လက်စစ်ကြောင်း ထိုးခဲ့ရာ ချင်း PDF အဖွဲ့များ ထွက် ပြေးသွားသဖြင့် သိုင်းငင်းစခန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

 

#PeopleMedia


Share this post