• Follow Us on
Latest News

Home ချန်ထားဘူရီထွက် ဘတ်ငွေ ၃ ဘီလျံတန် ဒူးရင်း/မင်းဂွတ်တွေ တရုတ်နိုင်ငံကို တင်ပို့မည်

ချန်ထားဘူရီထွက် ဘတ်ငွေ ၃ ဘီလျံတန် ဒူးရင်း/မင်းဂွတ်တွေ တရုတ်နိုင်ငံကို တင်ပို့မည်

Share this post

နိုင်ငံတကာ၊ မတ် ၂၆

 

ကန်ထရိုက်စာချုပ်တွေကတစ်ဆင့် ထိုင်းဘတ်ငွေ ၃ ဘီလျံကျော်တန်ဖိုးရှိ ဒူးရင်းသီးနဲ့ မင်းဂွတ်သီးတွေကို တရုတ်နိုင်ငံကို တင်ပို့သွားမှာဖြစ်ပါတယ်။

 

ချန်ထားဘူရီပြည်နယ်ကို တရုတ်နိုင်ငံကို သစ်သီးတင်ပို့တဲ့ နံပတ်တစ်ပြည်နယ်အဖြစ် သတ်မှတ်ပြီး ထိုင်း ကုန်သွယ်ရေးဝန်ကြီးဌာနက အားပေးမြှင့်တင်သွားမှာဖြစ်ပါတယ်။

 

ကန်ထရိုက်စာချုပ်ကြိုတင်ချုပ်ဆိုမှုကတစ်ဆင့် သစ်သီးတင်ပို့မှုကို မြှင့်တင်ဖို့အတွက် ထိုင်း-တရုတ် လယ်ယာ ထုတ်ကုန် သွင်းကုန်-ထုတ်ကုန် အဖွဲ့အစည်းနဲ့ တရုတ်သစ်သီးဈေးကွက်အဖွဲ့တို့ကြား နားလည်မှုစာချွန်လွှာ MoU လက်မှတ်ရေးထိုးပြီးနောက် အဲဒီ MoU ဟာ ကမ္ဘာ့ဈေးကွက်မှာ ထိုင်းသစ်သီးတွေရဲ့ အရဂည်အသွေး တွေကို မြှင့်တင်ပေးသွားမှာဖြစ်သလို ထိုင်းလယ်သမားတွေအတွက် ဈေးနှုန်းတည်ငြိမ်ပြီး ဝင်ငွေတိုးတက်လာ စေဖို့အတွက် အာမခံသွားမှာဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီး ဖမ်သမ်ဝီချာယာချိုင်းက ပြောပါတယ်။

 

ချန်ထားဘူရီပြည်နယ်ဟာ ထိုင်းနိုင်ငံထဲက အပူပိုင်းဒေသထွက် သစ်သီးတွေ အဓိကထွက်ရှိရာ ပြည်နယ်တွေ ထဲက တစ်ခုဖြစ်ပါတယ်။

 

ပြည်နယ်တွင်း အဓိက စိုက်ပျိုးတဲ့ သစ်သီး ၇ မျိုးကတော့ ဒူးရင်းသီး၊ ကြက်မောက်သီး၊ မင်းဂွတ်သီး၊ ရင်ကမ်း သီး၊ ကနစိုးသီး၊ ရွှေငှက်ပျောသီးနဲ့ တောကြက်မောက် ခေါ် သမင်မျက်လုံးသီးတို့ဖြစ်ပါတယ်။

 

ကုန်သွယ်ရေးဝန်ကြီးဌာနဟာ ကြိုတင်ကန်ထရိုက်စာချုပ်စနစ်နဲ့ တရုတ်နိုင်ငံကို ဘတ်ငွေ ၃ ဘီလျံတန်ကြေးရှိ ဒူးရင်းသီးနဲ့ မင်းဂွတ်သီး တန်ချိန် ၂၀၀၀၀ အထိ ပေးပို့သွားဖို့ အောင်မြင်စွာ အရောင်းမြှင့်တင်နိုင်ခဲ့ပါတယ်။

 

ချန်ထားဘူရီပြည်နယ်ဟာ တစ်နှစ်ကို ဒူရင်းသီး တန်ချိန် ၅၀၀,၀၀၀ ထုတ်လုပ်နိုင်ပါတယ်။

 

နှစ်စမှာ ပေါ်ဦးပေါ်ဖျားဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ မွန်ထောင်းဒူးရင်းသီးဈေးဟာ တစ်ကီလိုကို ဘတ် ၂၆၀ အထိ မြင့်တက်နေပါတယ်။

 

တရုတ်နိုင်ငံရဲ့ နယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ မိုဟန်ဂိတ်နဲ့ ယူရီဂေါင်ဂိတ်တို့မှာ ထိုင်းဒူးရင်း သီးတွေ စစ်ဆေးရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ကုန်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆက်လက်ထောက် ပံ့သွားဖို့ အသင့်ရှိနေကြောင်း မစ္စတာဖမ်သမ်က ပြောပါတယ်။

 

မစ္စတာဖမ်သမ်ဟာ အဲဒီအကောက်ခွန် စစ်ဆေးရေးဂိတ်တွေကို လာမယ့်လမှာ သွားရောက်မှာဖြစ်ပါတယ်။

 

၂၀၂၃ ခုနှစ်မှာ ထိုင်းနိုင်ငံဟာ ဘတ်ငွေ ၂၃၈ ဘီလျံ တန်ကြေးရှိ လတ်ဆတ်သစ်သီး၊ အေးခဲသစ်သီးနဲ့ သစ်သီး ခြောက်တွေကို ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်ခဲ့ပါတယ်။

 

အဲဒီအထဲမှာ ဒူးရင်းသီးက ၁၄၁ ဘီလျံဖိုးနဲ့ မင်းဂွတ်သီးက ၁၇ ဘီလျံဖိုး တင်ပို့နိုင်ခဲ့ပါတယ်။

 

ဒူးရင်းသီးဟာ ချန်ထားဘူရီပြည်နယ်ရဲ့ အဓိကထွက်ကုန်ဖြစ်သလို တရုတ်နိုင်ငံကလည်း ထိုင်းဒူးရင်းသီးအ တွက် အဓိက ဈေးကွက်ဖြစ်ပါတယ်။ ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာနဟာ တရုတ်ပြည်မကြီး ရှန်ဟိုင်း၊ ဂွမ်းဇူ၊ ချင်းဒေါင်း၊ ဇီယာမန်း၊ နန်နင်း၊ ချန်ဒူးနဲ့ ကူမင်း စတဲ့ မြို့ ၇ မြို့အပြင် တရုတ်ပြည်မကြီးအပြင်ဘက်ဖြစ်တဲ့ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာလည်း ပြည်ပ ကုန်သွယ်မှုမြှင့်တင်ရေးရုံးတွေ ဖွင့်လှစ်ထားပါတယ်။

 

Ref: Chanthaburi lauded in fruit export deal

 

#PeopleMedia


Share this post