ချမ်းမြသာစည်နှင့် မဟာအောင်မြေတို့တွင် ငွေကျပ် ၂၇၆၀ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - August 2, 2023
နေပြည်တော်၊ သြဂုတ် ၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့တွင် ငွေကျပ် ၂၇၆၀ သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
ဇူလိုင်လ ၃၁ ရက်နေ့ ၂၀ နာရီအချိန် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၁၀၁ လမ်း၊ ၅၅ လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသည့် ဝင်းမိုး(ခ)ဉာဏ်မိုးမြင့် အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း အလေးချိန် ၂၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈ သိန်း)၊ Happy Water အလေးချိန် ၂၅ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေ ကျပ်သိန်း ၃၀) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ကွင်းဆက်ဖော်ထုတ် ချက်အရ ၂၁နာရီအချိန် အဆိုပါ စိတ်ပြောင်းဆေးဝါးများရောင်းချသူ သီဟတင်စိုး(ခ) ပေါက်ကိုင်ဖေ အား ၎င်းတည်းခို နေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ စကြာနွယ်စဉ်ရပ်ကွက်၊ ၃၅ လမ်း၊ ၇၄ x ၇၅ လမ်းကြားရှိ ဟိုတယ်၊ အခန်း အမှတ် — အတွင်းမှ အက်တက်စီဆေးပြား ၁၅၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၀)၊ ကက်တမင်း အလေးချိန် ၂.၀၂ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေ ကျပ် ၈၀၈ သိန်း)၊ Happy Water အလေးချိန် ၁.၄၅ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇၄၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ သြဂုတ်လ ၁ ရက်နေ့ ၁၁၀၀ အချိန် သီဟတင်စိုး(ခ) ပေါက်ကိုင်ဖေ နေထိုင်သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၅၃ လမ်း၊ ၃၅ လမ်းရှိနေအိမ် အတွင်းမှ Happy Water အလေးချိန် ၇၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၄ သိန်း)အား လည်းကောင်း ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဝင်းမိုး(ခ)ဉာဏ်မိုးမြင့်(၄၃)နှစ် နှင့် သီဟတင်စိုး(ခ) ပေါက်ကိုင်ဖေ(၃၂)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိ ရသည်။
#PeopleMedia