ချမ်းမြသာစည်မြို့နယ်တွင် ကျပ် ၁၀ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများဖမ်းဆီးရမိ

PUBLISHED - December 22, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် ငွေကျပ် ၁၀ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း)၊ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ချမ်းမြသာ စည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ ၄၉ x ၅၀ လမ်းကြားရှိ အောင်ကျော်မိုး၊ မသိင်္ဂီဝင်းနှင့် မအေးသီတာတို့၏ နေအိမ်ကို သတင်းအရရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၅၀ ပြားနှင့် မော်တော်ဆိုင်ကယ် ၂ စီးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ ၆၆ လမ်း၊ ၁၁၁ x ၁၁၂ လမ်းထောင့်ရှိ အောင်ထွေး ငှားရမ်းထားသည့်နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂ဝ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၁၄ သိန်း၊ ဘိန်းဖြူ ၄ဝ ဒသမ ၇ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁၀ ဒသမ ၂၈ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၂၄ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၅ ဒသမ ၂၂ သိန်း၊ ဘိန်းဖြူ ၄ဝ ဒသမ ၇ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း သိရသည်။
#PeopleMedia