• Follow Us on
Latest News

Home ချမ်းမြသာစည်မြို့နယ်တွင် KTV/CLUB/BAR နှင့် စားသောက်ဆိုင်များသို့ စိတ်ပြောင်းဆေးဝါး ဖြန့်ဖြူးရောင်းချနေသူအား ဖမ်းဆီးရမိ

ချမ်းမြသာစည်မြို့နယ်တွင် KTV/CLUB/BAR နှင့် စားသောက်ဆိုင်များသို့ စိတ်ပြောင်းဆေးဝါး ဖြန့်ဖြူးရောင်းချနေသူအား ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များသို့ စိတ်ပြောင်းဆေးဝါး ဖြန့်ဖြူးရောင်းချနေသူအား ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ သိရသည်။

 

စက်တင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၃၅ အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေ များနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၇၃ လမ်း၊ ၁၀၇ x ၁၀၈ လမ်းကြား၌ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား အန္တရာယ်ဖြစ်စေသည့် စိတ်ပြောင်းဆေးဝါးများ ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း သတင်းရရှိထားသူ စိန်မြင့်(ခ)အားသာ အား စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၅၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၆၀၀)၊ လက်ကိုင်ဖုန်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် စိန်မြင့်(ခ)အားသာ(၂၅)နှစ်အား အမှတ်(၁၁)နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post