• Follow Us on

Home ချမ်းမြသာစည်မြို့နယ်ရှိ လဝကရုံးအား PDF လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိ

ချမ်းမြသာစည်မြို့နယ်ရှိ လဝကရုံးအား PDF လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၉

 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်၊ အကွက်(၉၀၂)ရှိ လဝကရုံး ကို သြဂုတ်လ ၁၈ ရက် မွန်းလွဲ ၃ နာရီအချိန်က PDF က လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့မှုကြောင့် ပြည် သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်၊ အကွက်(၉၀၂) ရှိ လဝကရုံးကို PDF ၂ ဦး ဆိုင်ကယ် ဖြင့် ရောက်ရှိလာပြီး လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သဖြင့် ဒေါ်မြင့်မာ ၆၇ နှစ်၊ ဒေါ်နှင်းနှင်းအေး ၄၆နှစ်၊ ဒေါ်ကြည်ဌေး ၅၄နှစ်၊ ဇော်မင်းထိုက် ၃၆နှစ်၊ စိုးကျော်ကျော် ၂၆နှစ်၊ မစုမြတ်မွန် ၂၄နှစ်နှင့် ဖိုးလပြည့် ၁၆နှစ်တို့ သည် ဗုံးစထိမှန် ဒဏ်ရာအသီးသီးရရှိခဲ့သောကြောင့် လူနာတင်ယာဉ်များဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

PDF ၂ ဦးသည် လဝကရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ပေါက်တိုက်ခိုက်ပြီးနောက် ချမ်းမြသာစည်(တောင်) ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးကိုလည်း လက်ပစ်ဗုံးဖြင့် ထပ်မံပစ်ပေါက်တိုက်ခိုက်ခဲ့ရာ ရုံးရှေ့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post