ချမ်းအေးသာစံမြို့ရှိ Diamond Plaza တတိယထပ်တွင် ပန်းရန်အလုပ်သမား အမျိုးသမီးတစ်ဦး ပြုတ်ကျ၍ သေဆုံး

PUBLISHED - January 17, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ (၇၇) လမ်း၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြားရှိ Diamond Plaza တတိယထပ်မှ ဆောက်လုပ်ရေးလုပ်ငန်းတွင် ပန်းရန်လုပ်ကိုင်သည်အလုပ်သမား အမျိုးသမီးတစ်ဦး ပြုတ်ကျ၍ သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
ဇန်နဝါရီလ ၁၆ ရက် ညနေ ၃ နာရီ ၁၅ အချိန်တွင် Diamond Plaza ပြုပြင်နေစဉ် တတိယထပ်မှ အမျိုးသမီးတစ်ဦးပြုတ်ကျကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဉ်နေရာသို့ သုခဗလလူမှုကူညီရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
“ဆောက်ပြီးသားကို ပြန်ပြီးပြုပြင်တာ။ ပြုတ်ကျတဲ့သူက ပန်းရန်လုပ်တဲ့အမျိုးသမီး။ သူကဦးခေါင်းနဲ့ ခါးရိုးကျိုးသွားတယ်” လို့ သုခဗလလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
ထိုတတိယအထပ်မှပြုတ်ကျ၍ သေဆုံးသည့် အမျိုးသမီးမှာ အသက်(၅၂) နှစ်အရွယ်ရှိပြီး ၎င်းမှာ ချမ်းအေးသာစံမြို့နယ်၊ မီးရထားလိုင်းခန်းတွင် အငှားနေထိုင်သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။
Photo – Credit
#PeopleMedia