• Follow Us on
Latest News

Home ချိုနန်ဆရီကော ကတိအတိုင်း ဖီယူထိုင်းပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ပြီ

ချိုနန်ဆရီကော ကတိအတိုင်း ဖီယူထိုင်းပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်ပြီ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁

 

ဖီယူထိုင်းပါတီအနေနဲ့ အစိုးရသစ်ဖွဲ့စည်းရာမှာ ပါလန်ပရာချာရတ်ပါတီ၊ United Thai Nation-UTN ပါတီတို့နဲ့ ပူးပေါင်းခဲ့ရင် ပါတီကနေ နုတ်ထွက်သွားမယ်လို့ ကတိပေးခဲ့တဲ့အတိုင်း ဖီယူထိုင်းပါတီခေါင်းဆောင် ချိုနန်ဆရီ ကောဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ ဖီယူထိုင်းပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက်သွားပြီဖြစ်ပါတယ်။

 

ပါတီခေါင်းဆောင်သစ်နဲ့ အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်ဖို့ လာမယ့်ရက်ပေါင်း ၆၀ အတွင်း ပါတီအစည်းအဝေး တစ်ရပ်မကျင်းပခင်အချိန်အထိ လက်ရှိအချိန်မှာ ပါတီဒုတိယခေါင်းဆောင်ထဲက တစ်ဦးဖြစ်တဲ့ ချိုဆောက်ဆရီ နေးလ်က ခေတ္တပါတီခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

 

ဖီယူထိုင်းပါတီဟာ ညွန့်ပေါင်းပါတီ ၁၁ ဖွဲ့နဲ့အတူ အစိုးရသစ်ကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်လို့ ၎င်းအနေနဲ့ ဧပြီလ ၂၈ ရက်နေ့ စကားစစ်ထိုးပွဲမှာကတိပြုခဲ့တဲ့အတိုင်း ပါတီကနုတ်ထွက်ဖို့ အချိန်ကောင်းဖြစ်ကြောင်း ချိုနန် က သြဂုတ်လ ၃၀ ရက်နေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

 

ပါတီခေါင်းဆောင်အဖြစ်ခန့်အပ်ခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ကတည်းက ၎င်းကိုယ် စွမ်း ညဉ်စွမ်းရှိသရွေ့ အကောင်းဆုံးလုပ်ဆောင်ခဲ့ကြောင်း၊ အခုလို နုတ်ထွက်လိုက်ရတဲ့အတွက် နောင်တရာစရာ လုံးဝမရှိသလို အာဃာတတရားလည်း မရှိကြောင်း ချိုနန်က ပြောပါတယ်။

 

အခုလိုပါတီခေါင်းဆောင်အဖြစ်ကနုတ်ထွက်တာဟာ ၎င်းရဲ့ အစိုးရအဖွဲ့ဝင်ရာထူး ဒါမှမဟုတ် ပါတီရဲ့အမတ် နေရာနဲ့ ဘာမှသက်ဆိုင်ခြင်းမရှိကြောင်း ချိုနန်က ပြောပါတယ်။

 

ချိုနန်ဟာ ဖုန်ဂျိုင်ထိုင်းပါတီက အနူတင်ချန်ဗီရာကူလ်ရဲ့ အရိုက်အရာကို ဆက်ခံရမယ့် ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနဝန်ကြီးအဖြစ် ခန့်အပ်ခံရမယ်လို့ တစ်ပြေးနေသူဖြစ်ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အစိုးရသစ်ဖွဲ့စည်းရေးဟာ ဖီယူထိုင်းပါတီက ရင်ဆိုင်နေရတဲ့ ခက်ခဲတဲ့စိန်ခေါ်မှု တွေထဲက စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေမဲ့လည်း ပါတီအနေနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အစိုးရသစ် တစ်ရပ်ကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကြောင်း ပါတီဒုတိယခေါင်းဆောင်ထဲက တစ်ဦးဖြစ်သူ ဖမ်သမ်ဝီချာယာချိုင်းက အဲ ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ပြောကြားခဲ့ပါတယ်။

 

Ref: Pheu Thai party leader quits: Thai PBS

 

#PeopleMedia


Share this post