• Follow Us on

Home ချောက်မြို့တွင် စားသောက်ဆိုင်ထိုင်နေသည့် အုပ်ချုပ်ရေးမှူးကို PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ချောက်မြို့တွင် စားသောက်ဆိုင်ထိုင်နေသည့် အုပ်ချုပ်ရေးမှူးကို PDF များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့၊ အမှတ် (၁၄)ရပ်ကွက်၊ အောင်ရတနာ(၂) စားသောက်ဆိုင်တွင် ထိုင်နေ သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို PDF အဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရ သည်။

 

ဖေဖော်ဝါရီလ (၂၆) ရက် ည (၈) နာရီအချိန်က အောင်ရတနာ (၂) စားသောက်ဆိုင်တွင် အသက် (၄၇) ခန့် အရွယ်ရှိ ပျဉ်းမစစ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်းသည် စကားထိုင်နေပြောနေစဉ် PDF အဖွဲ့ ဝင် (၂) ဦးသည် အနော်ရထာတံတား ချဉ်းကပ်လမ်းမှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ဝင်ရောက်ကာ ဦးအောင်ကိုဝင်းအား သေနတ်ဖြင့် (၇)ချက်ခန့် ပစ်ခတ်သွားသည်။

 

ယင်းသို့ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း၏တွင် ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကာ ၎င်းအနီးတွင် ထိုင်နေသည့် မသားသား အမည်ရှိ အမျိုးသမီး တစ်ဦးသည်လည်း ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာနှစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

 

အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဝင်း ပစ်ခတ်ခံရသည့် အောင်ရတနာ(၂) စားသောက်ဆိုင်သည် ချောက်မြို့ အနော်ရထာတံတား အနီးတွင် တည်ရှိပြီး အနော်ရထာတံတားနှင့် ဗိုလ်ချုပ်အောင်ဆန်းကျောက်တိုင်အနီးတွင် လုံခြုံရေးဂိတ်များ ရှိနေသော်လည်း တရားခံများကို ဖမ်းဆီးနိုင်ခြင်းမရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post