• Follow Us on
Latest News

Home ချောက်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါး၊ လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ့စစ်တစ်ဦး ကျဆုံး

ချောက်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါး၊ လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး ပြည်သူ့စစ်တစ်ဦး ကျဆုံး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၆

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကတိုင်(တောင်)ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့သည်။

 

အောက်တိုဘာလ (၂၅)ရက် နံနက် (၈)နာရီခန့်က ချောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကတိုင်တောင်ကျေးရွာ အနီးသို့အရောက် စစ်သွေးကြွ PDF အဖွဲ့ဝင် အင်အား (၂၀၀)ခန့်မှ ရှော့တိုက်ဒုံးများ၊ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop Bomb များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်းသို့တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နံနက် (၁၀)နာရီ (၂၅)မိနစ်အချိန်တွင် ပစ်ခတ်မှု ရပ်တန့်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ပွဲတွင် စစ်သွေးကြွ PDF အဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ချောက်မြို့နယ်မှ ပြည်သူ့စစ် အဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

 

ယင်းနောက် နံနက် (၁၀)နာရီ (၄၅)မိနစ်အချိန်မှ စတင်ကာ တိုက်ပွဲပြန်လည်ဖြစ်ပွါးခဲ့ပြီး မွန်းလွဲ (၁၂)နာရီ (၂၅)မိနစ်အချိန်တွင် တပ်မတော်မှ စစ်သွေးကြွ PDF အဖွဲ့ဝင်များ ဖြန့်ခွဲလျက်ရှိသော နေရာများသို့ လေကြောင်းဖြင့် ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post