ချောက်မြို့နယ်တွင် PDF သတ်ဖြတ်မှုကြောင့် မိသားစုဝင် ၄ ဦး သေဆုံး
PUBLISHED - August 14, 2024
နေပြည်တော်၊ ဩဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကြိုပင်စုရွာနေ မိသားစုဝင် ၄ ဦးအား ယမန်နေ့ ညနေပိုင်းက PDF အဖွဲ့မှ လာရောက် သတ်ဖြတ်သွားကြောင်း သိရသည်။
ချောက်မြို့နယ် ကြိုပင်စုရွာနေ ဦးမောင်ညို ၆၈ နှစ်သည် ၎င်း၏ နေအိမ်၌ မိသားစုဝင်များနှင့်အတူ ရှိနေစဉ် Mark II အဖြူရောင်ယာဉ်ဖြင့် PDF များ ရောက်ရှိလာပြီး သေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့မှုကြောင့် ဦးမောင်ညို ၆၈နှစ်၊ ဒေါ်ဌေး ၅၂နှစ်၊ ဦးဇော်ဇော်အောင် ၄၀နှစ်နှင့် ဒေါ်ဇာဇာလင်း ၃၇နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ေကြောင်းနှင့် PDF များသည် ဦးမောင်ညို နေအိမ်ရှိ ဆိုင်ကယ် ၂ စီးကိုပါ ယူဆောင်သွားကြောင်း သိရသည်။
ဩဂုတ်လ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁) ရပ်ကွက်နေ ဦးအောင်ခန့် (၅၄) နှစ်သည် ၎င်း၏ နေအိမ်နှင့်တွဲလျက်ဖွင့်ထားသော ရွှေသီဟဆန်ဆိုင်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက် သမားနှစ်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ရွှေဘို-ရေဦးကားလမ်းအတိုင်း ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး အမှတ်(၅) ရပ်ကွက်ရှိ ဘုံစံဘုန်းကြီးကျောင်းအနီးအရောက် သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ဦးအောင်ခန့် တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ရွှေဘိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုမှု ခံယူနေရကြောင်း သိရသည်။
#PeopleMedia