• Follow Us on
Latest News

Home ချောက်မြို့နယ် ဩဇာတောကျေးရွာ အုပ်ချုပ်ရေးမှူးကို PDF (၄)ဖွဲ့ပေါင်း သတ်ဖြတ်

ချောက်မြို့နယ် ဩဇာတောကျေးရွာ အုပ်ချုပ်ရေးမှူးကို PDF (၄)ဖွဲ့ပေါင်း သတ်ဖြတ်

Share this post

နေပြည်တော်၊ ဇူလိုင် ၅

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဩဇာတောကျေးရွာ အုပ်ချုပ်ရေးမှူးကို PDF အဖွဲ့ဝင် (၄)ဖွဲ့ပေါင်းကာ  သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်း သိရသည်။

 

ဇူလိုင်လ (၄)ရက် ည (၇)နာရီ (၃၅)မိနစ်အချိန်က ဩဇာတောကျေးရွာတွင် နေထိုင်သည့် အုပ်ချုပ်ရေးမှူး ဦးတင်ငွေသည် နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင်များ ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။

 

ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးတင်ငွေတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

 

အုပ်ချုပ်ရေးမှူး ဦးတင်ငွေကို Chauk Guerrilla Force – CGF ၊ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ကျောက်ပန်းတောင်းဇီးကွက်အဖွဲ့နှင့် မင်းသားကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post