• Follow Us on

Home ချောင်းဆုံမြို့တွင် မော်တော်ဆိုင်ကယ်ဖြင့်မူးယစ်ဆေးဝါးများသည်လာသူကို ဖမ်းဆီးရမိ

ချောင်းဆုံမြို့တွင် မော်တော်ဆိုင်ကယ်ဖြင့်မူးယစ်ဆေးဝါးများသည်လာသူကို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့၊ ဘုရားကြီးကုန်းရပ်ကွက်၊ ရာဇဓိရာဇ်လမ်းတွင် မော်တော်ဆိုင်က ယ်ဖြင့် မူးယစ်ဆေးဝါးများသည်ဆောင်လာသည့် အမျိုးသားတစ်ဦးကို လုံခြုံရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးရရှိကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ သတင်းရရှိသောကြောင့် ရာဇဓိရာဇ်လမ်းတွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးနေစဉ်အတွင်း ဇင်မင်းထွန်းမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ပေါ်တွင် စက္ကူဂျပ်ဖာအတွင်းထဲတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

 

ထိုစက္ကူဂျပ်ဖာအတွင်းထဲ၌ ဆေးတောင့် ၄၀၀၀ တောင့်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၆ သိန်း)၊ Tramadol ထိုးဆေး ၅၅၀ ပုလင်း(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆.၀၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ထိုအမျိုးသားနေထိုင်သည့် ချောင်းဆုံမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရှမ်းစုပိုင်းရှိ နေအိမ်အတွင်းမှ Alprazolam ဆေးပြား ၅၆၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၇.၃၆ သိန်း)၊ Tramadol ဆေး တောင့် ၁၈၀၀ တောင့်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁.၇ သိန်း)နှင့် Diazepam ဆေးပြား ၁၄၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၄၀၀၀)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇင်မင်းထွန်း (၃၄)နှစ်အား ချောင်းဆုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

 

Photo – Credit

 

#PeopleMedia


Share this post