ချောင်းအားဖြတ်ကူးသည့် ကျောင်းဆရာမတစ်ဦး ရေနစ်သေဆုံး

PUBLISHED - September 13, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့၊ အကျယ် (၁၀) ပေခန့်ရှိသည့် ဇီးပင်ကန်ချောင်းကျဉ်းကို ဖြတ်သည့် ကျောင်းဆရာမတစ်ဦး ရေစီးဖြင့်မျောပါ၍ ရေနစ်သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက် ညနေ (၄) နာရီအချိန်တွင် ကျောင်းဆရာမ ဒေါ်မြင့်မြင့်စန်းမှာ ၎င်း၏ နေအိမ်တွင် ကုသိုလ်အဖြင့်သင်ကြားပေးသည့် G-5 မှ ကျောင်းသား (၃) ဦး နှင့် G-2 မှ ကျောင်းသား (၁) ဦးတို့ကို နေအိမ်သို့ပြန်ပို့စဉ် G-2 ကျောင်းသားလေးများကို ပွေ့ချီပြီ ခြေမျက်စေ့အထိသာရှိနေသည့် ချောင်းအား ကူးရာမှ တစ်ဆင့် ရေများများလာပြီးနောက် ဆရာမမှာ ရေစီးထဲသို့ မျောပါသွားကြောင်း သိရသည်။
ထိုရေစီးမှုကြောင့် ချောင်းအတွင်းရှိ မြေတူးထားသည့် ကျင်းထဲသို့လျှောကျသွားရာ ဆရာမမှာ ကျောင်းသား တစ်ဦးကို ကမ်းပေါ်သို့တင်ခဲ့ကြောင်း၊ ကျန်ကျောင်းသားများမှာ ချောင်းဘေးရှိ ခြုံပေါ်တွင် တင်နေသောကြောင့် အသက်ဘေးမှ လွတ်မြောက်ပြီး ကျောင်းဆရာမမှာ ရေစီးဖြင့်မျောပါပြီး ရေနစ်သေဆုံးသွားကြောင်း သိရသည်။
ထိုရေနစ်သည်ကို ကျေးရွာပြည်သူများမှ မြင်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့သို့ ဖုန်းဆတ်အကူအညီတောင်းခဲ့ ကြောင်း သိရသည်။
Photo – Credit
#PeopleMedia