• Follow Us on

Home ချောင်းဦးမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ချောင်းဦးမြို့တွင် PDF (၂) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၇

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးခရိုင်၊ ချောင်းဦးမြို့၊ ငါးယှန်ကျေးရွာအနီးတွင် PDF အလောင်း (၂) လောင်း နှင့်အတူ လက်နက်ခဲယမ်းများကို လုံခြုံရေးတပ်ဖွဲ့များမှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၆ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် လုံခြုံရေးတပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက် နေစဉ် ငါးယှန်ကျေးရွာအနီး စစ်ကိုင်း-မုံရွာကားလမ်းတစ်လျှောက်တွင် PDF များနှင့် လုံခြုံရေးတပ်ဖွဲ့တို့ အပြန် အလှန်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

ထိုပစ်ခတ်ရာတွင် PDF အကြမ်းဖက် ၂ လောင်း၊ ဒရုန်း ၁ စီး၊ လက်လုပ်သေနတ် ၁ လက်၊ ၁၂ ဗို့ကျည် ၅ တောင့်၊ အလှူခံကံစမ်းမဲဖြတ်ပိုင်းစာအုပ် ၂ အုပ်၊ အီကွေ့မန့် ၁ စုံ၊ လက်လုပ်မိုင်း ၆ လုံး၊ ရီမု ၂ ခုနှင့်အတူ ဆိုင်ကယ် ၃ စီးတို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post