• Follow Us on

Home ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာအတွင်းသို့ PDF က စိန်ပြောင်းများဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ

ချောင်းဦးမြို့နယ်၊ ကင်မွန်းတော်ကျေးရွာအတွင်းသို့ PDF က စိန်ပြောင်းများဖြင့် ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဩဂုတ် ၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြိုနယ်၊ ကင်မွန်းတော်ကျေးရွာအတွင်းသို PDF အမည်ခံ အကြမ်းဖက်အဖွဲ က စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းက ချောင်းဦးမြိုနယ်၊ ကင်မွန်းတော်ကျေးရွာအတွင်းသို PDF အမည်ခံ အကြမ်းဖက်အဖွဲ အင်အား(စိစစ်ဆဲ)က စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း စိန်ပြောင်းဗုံးသီး ၂၄ လုံး ခန့်ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်ခင်မာဌေး(၅၁)နှစ်တွင် ဗုံးသီး ပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမြမောင် (၇၁)နှစ်၊ ဦးလှိင်(၆၅)နှစ်၊ ဦးနန်းဝင်း (၄၀)နှစ်၊ မောင်ဥက္ကာဖြိုး(၁၃)နှစ်နှင့် မဝေဝေဖြိုး(၂၅)နှစ် တိုတွင်ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ကျေးရွာ၌ ရှေးဦးသူနာပြုနည်းဖြင့် ဆေးဝါးကုသပေးခဲ့ရကြောင်း သိရသည်။

 

#PeopleMedia


Share this post