• Follow Us on
Latest News

Home ချောင်းဦးမြို့ရှိ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့များမှ ရှင်းလင်းရာ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ချောင်းဦးမြို့ရှိ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့များမှ ရှင်းလင်းရာ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မန်ကျီးခွကျေးရွာအနီးရှိ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့ များမှ သွားရောက်ရှင်းလင်းရာ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

စက်တင်ဘာလ ၂၇ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မန်ကျီးခွကျေးရွာအနီးရှိ PDF စခန်းကို သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။

 

ထိုရှင်းလင်းရာတွင် PDF များနေသည့် တဲ ၁၂ လုံး၊ ခဲယမ်းတိုက် ၁ လုံး၊ လက်လုပ်သေနတ် ၂၅ လက်၊၁၀၇ မမ ဒုံးသီး ၃ လုံး၊အမ်-၂၂ ကျည် ၂၆၀ တောင့်၊ ကာဘိုင်ကျည် ၃၅၀ တောင့်၊၇.၆၂ ကျည် ၂၈၂ တောင့်၊ တရုတ် လက်ပစ်ဗုံး ၁၀ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁၁ လုံး၊ အမ်-၂၂ ကျည်အိမ် ၄ ခု၊ တိုက်မိုင်း ၂ လုံး၊ ၄၀ မမဗုံးသီး ၁၇ လုံး၊ လက်လုပ်မိုင်း ၈၃ လုံး၊ ယမ်းကြိုး ၃ ခွေ၊ ယမ်းမှုန့် (၅ပိဿာ) ၁ ထုပ်၊ ဒီတိုနေတာ ၁၅၄၀ ခု၊ ၁၀၇ မမ ဒုံးပစ်စင် ၁ ခု၊ ကျည်ကာအင်္ကျီ(အနက်) ၉၀ ထည်၊ အီကွေ့မန့် ၁၀ စုံ၊Hobby Wing ဒရုန်း(အကြီး) ၂ စီး၊ Phantom Drone ဒရုန်း ၃ စီး၊ လက်လုပ် Drone စီး၊ ဘက်က္ထရီ Charger ၁၀ ခု၊ Drone ဘက္ထရီ ၉ ခု၊ FM Drone (Remove Control)RC ၁ ခု၊ Xeza Drone Body(ဆေးဖြန်း Drone) ၂ ခု၊ Drone Controller ၁၀ ခု၊ ဆိုင်ကယ်မျိုးစုံ ၁၄ စီး၊ ၆ ဘီးယာဉ် ၁ စီး၊ ကီးပက်ဖုန်း ၈ လုံး၊ လက်လုပ် Drone ၁ ခုတွင်ခုံ ၂ ခု၊ မီးအားမြှင့် စက် ၁ လုံး နှင့် ပလပ်စတစ်ထိုင်ခုံ ၃၆ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post