ချောင်းဦးမြို့ရှိ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့မှ တိုက်ခိုက်ရာ PDF (၄) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

PUBLISHED - September 27, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ မကျီးခွကျေးရွာအနီးတွင် PDF စခန်းကို လုံခြုံရေး တပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ရာတွင် PDF အလောင်း (၄) လောင်းနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရသည်။
စက်တင်ဘာလ ၂၆ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များမှ မကျီးခွကျေးရွာအနီးရှိ PDF စခန်းကို လုံခြုံရေး တပ်ဖွဲ့များမှ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုရှင်းလင်းရာတွင် PDF အလောင်း (၄) လောင်း၊ လက်လုပ်သေနတ်- ၁၆ လက်၊ အေကေ- ၁ လက်၊ ကျည် အိမ်- ၁၁ခု၊ ကျည်မျိုးစုံ- ၃၈၇ တောင့်၊ လက်လုပ် ၄၀မမ ဗုံးသီး၊ ၃ လုံး၊ လက်လုပ်လက်ပစ်ဗုံး- ၁ လုံး၊ စိန် ပြောင်းဗုံးသီး- ၂၂ လုံး၊ လက်လုပ် Drop Bomb- ၄၉ လုံး၊ ကျည်ကာအင်္ကျီ- ၅ထည်၊ လမ်းလျှောက်စကားပြော စက်- ၄ လုံး၊ လက်လုပ်ရီမု- ၁ လုံး၊ Drone- ၇ စီး၊ Drone ပန်ကာ- ၁၅ ခု၊ Drone camera- ၁၆ ခု၊ Drone အားသွင်းကြိုး- ၈ ခု၊ တွင်ခုံ- ၁ခုနှင့် ဆိုင်ကယ်- ၁ စီးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia