ခြင်ဆေးခွေထွန်းရာမှတစ်ဆင့် အဝတ်ထည့်ထားသည့်ဂျပ်ဖာပုံးအား မီးကူးစက်ရာ နေအိမ်မီးလောင်မှုြုဖစ်ပွား
PUBLISHED - December 4, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကွျှဲဆည်ကန် ၁၁ လမ်းရှိ နေအိမ်တစ်လုံး၌ ခြင်ဆေးခွေမီး ထွန်းရာမှတစ်ဆင့် အဝတ်ထည့်ထားသည့်ဂျပ်ဖာပုံးအားမီးကူးစက်ရာ နေအိမ်မီးလောင်မှုြုဖစ်ပွားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၄ ရက် နံနက် ၁ နာရီအချိန်ခန့်တွင် ကွျှဲဆည်ကန် ၁၁ လမ်းရှိ နေအိမ်တစ်လုံး မီးလောင်ကြောင်း သတင်းရရှိသောကြောင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၅)စီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။
“ခြင်ဆေးခွေထွန်းထားတဲ့နေရာကနေ အနီးမှာရှိတဲ့အဝတ်ထည့်ထားတဲ့ ဂျပ်ဖာပုံးကို မီးကူးစက်လောင်တာ။ နေအိမ်က ကျောက်ပြားကာအထပ်သား(၂) ထပ်သွပ်မိုးလောင်တာ။ ဆုံးရူံးမူက ရှစ်သိန်းခုနှစ်သောင်းငါး ထောင်။ အဲ့အိမ်မှာရှိတဲ့အမျိုးသားတစ်ဦးတော့ အနည်းငယ်မှန်ရှဒဏ်ရာရတယ်” လို့ ပြည်ကြီးတံခွန်မြို့ရှိ မီး သတ်စခန်းမှ တာဝန်ရှိသူတစ်ဦးမှ ဖြေကြားသည်။
မီးလောင်မူဖြစ်စဉ်တွင် မီးပေါ့ဆမှုကြောင့် အိမ်ရှင်အမျိုးသမီးတစ်ဦးကို ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမူဖွင့်ထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia