• Follow Us on
Latest News

Home ခြိမ်းခြောက်မှုတွေ မြင့်တက်လာတဲ့အတွက် မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ပိုမိုတိုးမြှင့်ချ ထားဖို့ အမေရိကန်စဉ်းစားနေ

ခြိမ်းခြောက်မှုတွေ မြင့်တက်လာတဲ့အတွက် မဟာဗျူဟာမြောက်နျူကလီးယားလက်နက်တွေ ပိုမိုတိုးမြှင့်ချ ထားဖို့ အမေရိကန်စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ ဇွန် ၁၁

 

မြင့်တက်လာတဲ့ ရုရှား၊ တရုတ်နဲ့ တခြားရန်ဘက်နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားကာကွယ်ဖို့ အ တွက် မဟာဗျူဟာမြောက်နျူ ကလီးယားလက်နက်တွေကို တိုးမြှင့်ချထားဖို့ အမေရိကန်အစိုးရက စဉ်းစားနေ ပါတယ်။

 

နျူကလီးယားလက်နက်ကန့်သတ်ရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့ တရုတ်နိုင်ငံတွေက ပယ်ချလိုက်တာဟာ ခြိမ်း ခြောက်မှုတွေအတွက် ပြင်ဆင်ဖို့ ပိုပြီးယှဉ်ပြိုင်နိုင်စွမ်းအားကြီးမားတဲ့နည်းလမ်းကို အသုံးပြုဖို့ လိုအပ်နေတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲတစ်ခု မှာ အမျိုးသားလုံခြုံရေးကောင်စီအရာရှိ ပရာနေဗက်ဒီက ပြောပါတယ်။

 

နျူကီးယားလက်နက်ကန့်သတ်ရေးသဘောတူညီချက်ကို မလိုက်နာတဲ့အတွက် ရန်ဘက်နိုင်ငံတွေကို ဟန့်တား ဖို့နဲ့ အမေရိကန်ပြည်သူတွေနဲ့ မဟာမိတ်နိုင်ငံတွေကို ကာကွယ်ဖို့အတွက် နျူကလီးယားလက်နက်တွေ ပိုမိုလို အပ်လာမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

“လာမယ့်နှစ်တွေအတွင်းမှာ လက်ရှိတပ်ဖြန့်ချထားတဲ့ နျူကလီးယားလက်နက်တွေထက် ပိုမိုတပ်ဖြန့်ချထားဖို့ လိုအပ်လာတဲ့အခြေအနေတစ်ရပ်ကို ဆိုက်ရောက်လာနိုင်ပါတယ်။ သမ္မတကဆုံးဖြတ်ချက်ချမှတ်လိုက်တာနဲ့ အဲဒီဆုံးဖြတ်ချက်အတိုင်းဆောင်ရွက်နိုင်ရေးအတွက် ကျွန်တော်တို့ အလုံးစုံ ပြင်ဆင်ထားဖို့ လိုပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိအချိန်မှာ ၂၀၁၀ ပြည့်နှစ်က ရုရှားနိုင်ငံနဲ့ စာချုပ်ချုပ်သဘောတူညီထားတဲ့အတိုင်း အမေရိကန်နိုင်ငံဟာ နျူကလီးယာယးလက်နက်တွေကို ၁၅၅၀ အထိ အကန့်အသတ်နဲ့ တပ်ဖြန့်ချထားတာဖြစ်ပါတယ်။

 

အမေရိကန်က ယူကရိန်းကိုထောက်ပံ့နေတဲ့အတွက် ရုရှားအစိုးရက နျူကီးယားလက်နက်ကန့်သတ်ရေး သ ဘောတူညီချက်စာချုပ်မှာ ပါဝင်ဖို့ ရပ်ဆိုင်းထားပါတယ်။

 

ရုရှား၊ တရုတ်နဲ့ တခြားရန်ဘက်နိုင်ငံတွေက တပ်ပေါင်းစုတွေကို ဟန့်တားဖို့အတွက် အမေရိကန်အနေနဲ့ နျူက လီးယားလက်နက်တွေကို တိုးမြှင့်ထုတ်လုပ်ဖို့ လုံးဝ မလိုသေးဘူးလို့ ယုံကြည်ကြောင်း အမျိုးသားလုံခြုံရေးအ ကြံပေးအရာရှိ ဂျိတ်ဆူလီဗန်က ၂၀၂၃ ခုနှစ်မှာ ပြောခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံဟာ ရုရှားနဲ့ ချုပ်ဆိုထားတဲ့စာချုပ်အတိုင်း နျူကလီးယားလက်နက်ကန့်သတ်မှုတွေကို ၂၀၂၆ ခုနှစ် မတိုင်ခင်အထိ လိုက်နာသွားမှာဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

 

ဒါပေမဲ့ အဲဒီရန်ဘက်နိုင်ငံတွေဟာ နျူကလီးယားလက်နက်အမျိုးမျိုးကို အလွန်လျင်မြင်တဲ့နှုန်းနဲ့ တိုးချဲ့ထုတ် လုပ်နေကြောင်း ပရာနေဗက်ဒီက ပြောပါတယ်။

 

တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ဆန့်ကျင်တဲ့နည်းလမ်း တွေနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တာတွေ၊ ပေါင်းစပ်ညှိနှိုင်းတာတွေလုပ်နေပြီး အမေရိကန်၊ မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေကိုလည်း ခြိမ်းခြောက်နေသလို ဒေသတွင်းတင်းမာမှုတွေကိုလည်း ပိုမို ဆိုးရွာလာအောင် ဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။

 

ပြီးခဲ့တဲ့လက ယူကရိန်းနိုင်ငံအနီးမှာ နျူကလီးယားစစ်ရေးလေ့ကျင့်မှုဆောင်ရွက်ဖို့ ရုရှားစစ်တပ်ကို သမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားခဲ့တဲ့အတွက် နျူကလီးယားစစ်ပွဲဖြစ်လာမယ့်အရေး စိုးရိမ်ပူပန်မှုတွေ ပိုမိုမြင့်တက် လာအောင် ရုရှားက ဆောင်ရွက်ခဲ့ပါတယ်။

 

Ref: US Mulls Increased Deployment of Nuclear Weapons amid Rising Threats

 

#PeopleMedia


Share this post