• Follow Us on
Latest News

Home ခွဲထွက်ဒေသမှာ ရေတပ်စခန်းတစ်ခုတည်ဆောက်မယ့် ရုရှားရဲ့အစီအစဉ်ကို ဂျော်ဂျီယာသမ္မတ ပြစ်တင်ရှုတ်ချ

ခွဲထွက်ဒေသမှာ ရေတပ်စခန်းတစ်ခုတည်ဆောက်မယ့် ရုရှားရဲ့အစီအစဉ်ကို ဂျော်ဂျီယာသမ္မတ ပြစ်တင်ရှုတ်ချ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇

 

ရုရှားနိုင်ငံက အက်ခါဇီယာဒေသမှာ ရေတပ်အခြေစိုက်စခန်းတစ်ခုတည်ဆောက်သွားဖို့ စီစဉ်နေတယ်ဆိုတဲ့သ တင်းဟာ ပင်လယ်နက်အတွင်း လုံခြုံရေးခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ဖော်ပြလိုက်ပြီး အဲဒီအစီအစဉ်ကို ဂျော်ဂျီ ယာသမ္မတ ဆလားမီဇူရာဘီရှဗ်လီက အင်္ဂါနေ့ (ဖေဖော်ဝါရီ ၆ ရက်နေ့) က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ရုရှားတွေရဲ့ ပင်လယ်နက်ရေတပ်အုပ်စုကို ယူကရိန်းက တိုက်ခိုက်ခဲ့တဲ့ အတွက် မကြာခင်ကာလအတွင်း ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုခမ်းချရီမြို့မှာ ရုရှားရေတပ်စခန်းတစ်ခု တည်ဆောက်ဖို့အတွက် ရုရှားအစိုးရနဲ့ စာချုပ်ချုပ်ဆိုခဲ့ကြောင်း အက်ခါဇီယာခွဲထွက်ရေးခေါင်းဆောင် အက်စ် လန်ဘဟာနီးယားက ပြောပါတယ်။

 

“အိုခမ်းချရီမြို့မှာ ရေတပ်စခန်းတစ်ခုတည်ဆောက်ဖို့ ရုရှားနိုင်ငံက စီစဉ်နေတာဟာ ပင်လယ်နက်ထဲက ထိပ် တိုက်တွေ့ဆုံမှုတွေကို ကျွန်မတို့ ရေပိုင်နက်ထဲကို ပြောင်းရွှေ့ပြောင်းလာဖို့ ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပြီး ပင်လယ်နက်ရဲ့ မဟာဗျူဟာမြောက်အမြင်ကို ခြိမ်းခြောက်မှုတစ်ရပ် ဖန်တီးနေတာဖြစ်ပါတယ်။” လို့ အင်္ဂါနေ့ က လွှတ်တော်ထဲမှာ မိန့်ခွန်းပြောကြားစဉ် ဆလားမီဇူရာဘီရှဗ်လီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ဂျော်ဂျီယာအစိုးရနဲ့ အကြိမ်ကြိမ် သဘောထားကွဲလွဲခဲ့တဲ့အပြင် ဂျော်ဂျီယာအစိုးရကို ရုရှားအစိုးရနဲ့ အလွန်နီး ကပ်လွန်းတယ်ဆိုပြီးစွပ်စွဲခဲ့တဲ့ ဇူရာဘီရှဗ်လီက “ရုရှားနိုင်ငံဟာ ဂျော်ဂျီယာနိုင်ငံကို နှစ်မျိုးစပ်စစ်ပွဲအဖြစ် စစ်ပွဲ အသစ်တွေ စတင်လာပြီဖြစ်ကြောင်း” လည်း သတိပေးပြောကြားခဲ့ပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ရုရှားကျူးကျော်မှုစတင်ကတည်းက ယူကရိန်းဘက်က အခိုင်အမာရပ်တည် ထောက်ခံခဲ့ပေမဲ့ ဆလားမီဇူရာဘီရှဗ်လီရဲ့ အခန်းကဏ္ဍဟာ သြဇာလွှမ်းမိုးမှုမရှိသလောက်နီးပါးဖြစ်တယ်လို့ ဆိုပါတယ်။

 

ရုရှားနိုင်ငံဟာ အက်ခါဇီးယားနဲ့ နောက်ထပ် မော်စကိုအစိုးရထောက်ခံတဲ့ တောင်အိုဆက်တီးယားတို့မှာ အမြဲ တမ်းစစ်အခြေစိုက်စခန်းတွေ ရှိထားပြီးသားဖြစ်ပါတယ်။

 

၂၀၀၈ ခုှနှစ်မှာ ကော့ကေးဆပ်နိုင်ငံနဲ့ စစ်ဖြစ်ပွားပြီးနောက် အဲဒီပြည်နယ်နှစ်ခုစလုံးကို ရုရှားနဲ့ ရုရှားရဲ့မဟာမိတ် နိုင်ငံတွေက နိုင်ငံတွေအဖြစ် အသိအမှတ်ပြုထားပါတယ်။

 

အိုခမ်းချရီမြို့ဟာ ဂျော်ဂျီယာရဲ့ အဓိက ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ အနာကလီယာမြို့အနီးမှာရှိတဲ့ ဆိပ် ကမ်းမြို့တစ်မြို့ဖြစ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက ပင်လယ်နက်ထဲမှာ လှုပ်ရှားနေတဲ့ ရုရှားစစ်သင်္ဘောတွေအ တွက် အခြေစိုက်စခန်းတစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။

 

အိုခမ်းချရီဆိပ်ကမ်းဟာ စစ်သင်္ဘောအကြီးစားတွေ လက်ခံဖို့အတွက် ရေတိမ်လွန်းနေတဲ့အတွက် အဲဒီဆိပ် ကမ်းကို ရေတပ်အခြေစိုက်စခန်းတစ်ခုအဖြစ် ပြောင်းလဲမယ်ဆိုရင် အဲဒီဆိပ်ကမ်းက ခေတ်မမီတော့တဲ့ အခြေ ခံအဆောက်အဦတွေကို အကြီးစားမွမ်းမံပြင်ဆင်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

 

ရုရှားစစ်သင်္ဘောတွေ အခြေချနိုင်ဖို့အတွက် ရုရှားအစိုးရဟာ အိုခမ်းချရီဆိပ်ကမ်းရဲ့ အခြေခံအဆောက်အဦ တွေကို ပြန်လည်တည်ဆောက်နေကြောင်း ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက ယူကရိန်းစစ်ထောက်လှမ်း ရေးအဖွဲ့က ပြောပါတယ်။

 

မြေပြင်မှာ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တွေ ရပ်တန့်နေပေမဲ့ ယူကရိန်းစစ်တပ်ဟာ ပင်လယ်နက်ထဲမှာ ရုရှား စစ်သင်္ဘောတွေကို အောင်မြင်စွာတိုက်ခိုက်နိုင်ပြီး စစ်သင်္ဘော လေးငါးစီးကို နှစ်မြှုပ်နိုင်ခဲ့တဲ့အပြင် တောင်ဘက် ကမ်းခြေတစ်လျှောက် အရပ်ဘက်ကုန်တင်သင်္ဘောတွေအတွက် ပြည်ပပို့ကုန်လမ်းကြောင်းတစ်ခုကို ဖန်တီးနိုင် ခဲ့တယ်လို့ ဆိုပါတယ်။

 

ရုရှားရေတပ်ဟာ ပင်လယ်နက်အနောက်ပိုင်းမှာ စစ်ဆင်ရေးဆောင်ရွက်နိုင်စွမ်းမရှိတော့ဘဲ တဖြည်းဖြည်းနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကနေ ပြန်လည်ဆုတ်ခွာရတော့မှာဖြစ်ကြောင်း ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီး က ပြောပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းက ရုရှားရဲ့ ပင်လယ်နက်ရေတပ်ဌာနချုပ်စခန်းကို ပြီးခဲ့တဲ့နှစ်က ဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့ပါတယ်။

 

Ref: Georgian President Denounces Russian Plan for Navy Base in Breakaway Region

 

#PeopleMedia


Share this post